(၇၈)နှစ်မြောက် တပ်မတော်နေ့အထိမ်းအမှတ်၊ (၂၉)ကြိမ်မြောက် တပ်မတော် (ကြည်း၊ရေ၊ လေ) စစ်တီးဝိုင်းပြိုင်ပွဲ စတင်ကျင်းပ

(၇၈)နှစ်မြောက် တပ်မတော်နေ့အထိမ်းအမှတ်၊ (၂၉)ကြိမ်မြောက် တပ်မတော် (ကြည်း၊ရေ၊ လေ) စစ်တီးဝိုင်းပြိုင်ပွဲ စတင်ကျင်းပ

နေပြည်တော်၊ ဖေဖော်ဝါရီ - ၁၈

        (၇၈)နှစ်မြောက်တပ်မတော်နေ့အထိမ်းအမှတ်၊ (၂၉)ကြိမ်မြောက် တပ်မတော် (ကြည်း၊ ရေ၊ လေ)စစ်တီးဝိုင်းပြိုင်ပွဲကို ယနေ့နံနက်ပိုင်းက နေပြည်တော်ရှိ စစ်ကြော ရေးနှင့်တည်းခိုရေးစခန်း စစ်ရေးပြကွင်း၌ စတင်ကျင်းပရာ (၂၉)ကြိမ်မြောက် တပ်မတော်(ကြည်း၊ ရေ၊ လေ) စစ်တီးဝိုင်းပြိုင်ပွဲကျင်းပရေးကော်မတီ ဉက္ကဋ္ဌ တွဲဖက်စစ်ရေးချုပ် ဗိုလ်ချုပ် ထိန်လင်း၊ ပြိုင်ပွဲကျင်းပရေးကော်မတီဝင်များ၊ အကဲဖြတ်အမှတ်ပေးအဖွဲ့ဝင်များ၊ ပြိုင်ပွဲဝင် စစ်တီးဝိုင်းအသင်းများနှင့် ဖိတ်ကြားထား သူများ တက်ရောက်ကြည့်ရှုအားပေးကြသည်။

        ယနေ့နံနက်ပိုင်းပွဲစဉ်များအဖြစ် (က)အဆင့်ပြိုင်ပွဲမှ စစ်တက္ကသိုလ်ကိုယ်စားပြု အသင်း၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(ရေ)ကိုယ်စားပြုအသင်း၊ ကာကွယ်ရေးဦးစီးချုပ် ရုံး(လေ)ကိုယ်စားပြုအသင်း၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ကိုယ်စားပြုအသင်းတို့မှ လည်း ကောင်း၊ (ခ)အဆင့်ပြိုင်ပွဲတွင် နေပြည်တော်တိုင်းစစ်ဌာနချုပ် ကိုယ်စားပြု အမှတ်(၁)တပ်ခွဲအသင်း၊ အနောက်မြောက်တိုင်းစစ်ဌာနချုပ် ကိုယ်စားပြု အမှတ်(၁)တပ်ခွဲအသင်း၊ အ‌ရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် ကိုယ်စားပြု အမှတ်(၁) တပ်ခွဲအသင်းတို့ အသီးသီးယှဉ်ပြိုင်ကြသည်။

        ညနေပိုင်း ပွဲစဉ်များအဖြစ် (ခ)အဆင့်ပြိုင်ပွဲမှ အမှတ်(၈၈)ခြေမြန်တပ်မဌာန ချုပ် ကိုယ်စားပြုအသင်း၊ အမှတ်(၂၂)ခြေမြန်တပ်မဌာနချုပ် ကိုယ်စားပြုအသင်း၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ် ကိုယ်စားပြု အမှတ်(၁)တပ်ခွဲအသင်း၊ အမှတ်(၇၇)‌ခြေမြန်တပ်မဌာနချုပ် ကိုယ်စားပြုအသင်းတို့ အသီးသီးယှဉ်ပြိုင်ခဲ့ကြကြောင်း သတင်းရရှိသည်။