နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီမှ ချီးမြင့်အပ်နှင်းထားသည့် သီရိပျံချီဘွဲ့တံဆိပ် တော်များနှင့် ဗုဒ္ဓဘာသာကလျာဏယုဝအသင်း(YMBA)မှ ဆက်ကပ်သည့် အဂ္ဂမဟာမင်္ဂလ ဓမ္မဇောတိကဓဇ ဘွဲ့တံဆိပ်တော်များ ဆက်ကပ်ဂုဏ်ပြုပူဇော်ပွဲ ကျင်းပပြုလုပ်

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီမှ ချီးမြင့်အပ်နှင်းထားသည့် သီရိပျံချီဘွဲ့တံဆိပ် တော်များနှင့် ဗုဒ္ဓဘာသာကလျာဏယုဝအသင်း(YMBA)မှ ဆက်ကပ်သည့် အဂ္ဂမဟာမင်္ဂလ ဓမ္မဇောတိကဓဇ ဘွဲ့တံဆိပ်တော်များ ဆက်ကပ်ဂုဏ်ပြုပူဇော်ပွဲ ကျင်းပပြုလုပ်

နေပြည်တော်၊ ဖေဖော်ဝါရီ - ၁၈

          ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်၊ သီရိမင်္ဂလာ မဟာသာသနာ့ဗိမာန်တော် အတွင်း၌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီမှ သီရိပျံချီဘွဲ့တံဆိပ်တော် ချီးမြင့်ခံရသော ဇွဲကပင်ဆရာတော်ဘုရားကြီး ဘဒ္ဒန္တ ကဝိဓဇ နှင့် မန္တလေးမြို့၊ မစိုးရိမ်တိုက်သစ် ဓမ္မသဟာရကျောင်း နာယက ဆရာတော် ဘဒ္ဒန္တ ဝိစိတ္တာဘိဝံသ တို့အား သီရိပျံချီဘွဲ့ တံဆိပ်တော်များနှင့် ဗုဒ္ဓဘာသာကလျာဏယုဝအသင်း(YMBA)မှ ဆက်ကပ်သည့် အဂ္ဂမဟာမင်္ဂလ ဓမ္မဇောတိကဓဇ ဘွဲ့တံဆိပ်တော်များ ဆက်ကပ်ဂုဏ်ပြုပူဇော်ပွဲကို ယနေ့နံနက်ပိုင်းတွင် ပြုလုပ်ရာ နိုင်ငံတော်သြဝါဒါစရိယ အင်းစိန်မြို့နယ်၊ ရွာမပရိယတ္တိ စာသင်တိုက်ကြီး၏ ဦးစီးပဓာန နာယက ဆရာတော် အဘိဓဇမဟာရဋ္ဌဂုရု ဘဒ္ဒန္တ တိလောကဘိဝံသ အမှူးပြုသော ပင့်သံဃာတော်များ ကြွရောက်တော်မူကြပြီး ရန်ကုန် တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ညွန့်၀င်းဆွေနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့၀င် ၀န်ကြီးများ၊ တာ၀န်ရှိသူများ၊ ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

          ဦးစွာ နမောတဿ သုံးကြိမ်ရွတ်ဆို၍ အခမ်းအနားကို ဖွင့်လှစ်ကာ နိုင်ငံတော်သြဝါဒါစရိယ အင်းစိန်မြို့နယ်၊ ရွာမပရိယတ္တိ စာသင်တိုက်ကြီး၏ ဦးစီးပဓာန နာယက ဆရာတော် ထံမှ ငါးပါးသီလခံယူဆောက်တည်ကြသည်။

          ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီမှ ချီးမြှင့်အပ်နှင်းထားသည့် သီရိပျံချီဘွဲ့တံဆိပ်တော်များ၊ အဆောင်အယောင်ပစ္စည်းများနှင့် ဗုဒ္ဓဘာသာကလျာဏ ယုဝအသင်း(YMBA)မှ ဆက်ကပ်သည့် အဂ္ဂမဟာမင်္ဂလ ဓမ္မဇောတိကဓဇ ဘွဲ့တံ ဆိပ်တော်များနှင့် လှူဖွယ်ပစ္စည်းများကို ဘွဲ့ခံဆရာတော်များ ဖြစ်တော်မူကြသော ဇွဲကပင်ဆရာတော် ဘုရားကြီးနှင့် မန္တလေးမြို့၊ မစိုးရိမ်တိုက်သစ် ဓမ္မသဟာရကျောင်း နာယက ဆရာတော် တို့ထံသို့ တိုင်းမှူးက ဆက်ကပ်လှူဒါန်းသည်။

          ယင်းနောက်  နိုင်ငံတော်သြဝါဒါစရိယ အင်းစိန်မြို့နယ်၊ ရွာမပရိယတ္တိ စာသင်တိုက်ကြီး၏ ဦးစီးပဓာန နာယက ဆရာတော်နှင့် တိပိဋကဓရ တိပိဋက ကောဝိတ ရွှေရတု တိပိဋကဓရ မော်ကျွန်းဆရာတော် ဘဒ္ဒန္တ သီလက္ခန္ဒာ ဘိဝံသ တို့ထံမှ သြဝါဒါစကားများ နာယူကြသည်။

          ၎င်းနောက် အဂ္ဂမဟာ ပဏ္ဍိတပါဠိပါရဂူ မြစေတီဆရာတော်ဘုရားကြီး ဘဒ္ဒန္တဝိမလဗုဒ္ဓိ ထံမှ ရေစက်ချအနုမောဒနာတရားများ နာယူခဲ့ကြကြောင်း သတင်း ရရှိသည်။