ဘာစီလိုနာအသင်းအနေဖြင့် အငြင်းပွားဖွယ်ငွေပေးချေမှုအတွက် စွဲချက်တင်ခံထားရပြီး ပြစ်မှုထင်ရှားပါက တန်းဆင်းရမည့် ကြီးမားသည့်ပြစ်ဒဏ် ချမှတ်ခံရဖွယ်ရှိနေ

ဘာစီလိုနာအသင်းအနေဖြင့် အငြင်းပွားဖွယ်ငွေပေးချေမှုအတွက် စွဲချက်တင်ခံထားရပြီး ပြစ်မှုထင်ရှားပါက တန်းဆင်းရမည့် ကြီးမားသည့်ပြစ်ဒဏ် ချမှတ်ခံရဖွယ်ရှိနေ

ဘာစီလိုနာအသင်းသည် အငြင်းပွားဖွယ်ငွေပေးချေမှုအတွက်   စွဲချက်တင်ခံထားရပြီး   ပြစ်မှုထင်ရှားပါက တန်းဆင်းရမည့်  ကြီးမားသည့်ပြစ်ဒဏ်  ချမှတ်ခံရ ဖွယ်ရှိကြောင်း  သိရသည်။

ဘာစီလိုနာအသင်းကို   ဥက္ကဋ္ဌအဖြစ်   ဘာတိုမြူ တာဝန်ယူကိုင်တွယ်စဉ်က ၂၀၁၆ ခုနှစ်မှ ၂၀၁၈ ခုနှစ်အတွင်း စပိန်လာလီဂါဒိုင်ကော်မတီ အကြီးအကဲဟောင်းတစ်ဦးဖြစ်သော  အန်းနရစ်ပိုင်ဆိုင်သည့်ကုမ္ပဏီသို့  တရားမဝင်ငွေပေးချေမှုများ ပြုလုပ်ခဲ့သည်ဟု   စပိန်လာလီဂါဘောလုံးအဖွဲ့ချုပ်က   စွဲချက်တင်ထားခြင်း ဖြစ်သည်။

ဘာစီလိုနာအသင်းက     အန်းနရစ်ပိုင်ဆိုင်သည့် ကုမ္ပဏီသို့ ၂၀၁၆ ခုနှစ်က  ၅၃၂၇၂၈ ဒသမ ၀၈ ယူရို၊ ၂၀၁၇ ခုနှစ်က ၅၄၁၇၅၂ ယူရို၊ ၂၀၁၈ ခုနှစ်က ယူရို ၃၁၈၂၀၀ ကို  တရားမဝင်ပေးချေခဲ့ခြင်းဖြစ်သည်ဟု   စွဲချက်တင်ထားပြီး  ပြီးခဲ့သည့်ရက်ပိုင်းက အန်းနရစ်က   ဘာစီလိုနာအသင်းအနေဖြင့် စပိန်လာလီဂါမှဒိုင်လူကြီးများ အရည်အသွေးမြင့်မားလာရေး လုပ်ငန်းစဉ်များတွင်အသုံးပြုရန် လှူဒါန်းခြင်း ဖြစ်သည်ဟု ပြောကြားခဲ့သည်။

ဘာစီလိုနာအသင်းကလည်း   အဆိုပါဖြစ်ရပ်တွင် ၎င်းင်းတို့အနေဖြင့် အမှားအယွင်းတစ်စုံတစ်ရာမပြုလုပ် ခဲ့သည့်အတွက်  တရားရင်ဆိုင်မည်ဖြစ်ပြီး   ပြစ်မှုထင်ရှားခြင်းမရှိပါက   ၎င်းတို့အသင်း  ဂုဏ်သိက္ခာ ကျဆင်းစေမှုအတွက်    ပြန်လည်တရားစွဲဆိုမည်ဟု   ထုတ်ပြန်ထားကြောင်း သိရသည်။

Ref;Cadena SER