တူကီယဲငလျင်ကြောင့် သေဆုံးသူစုစုပေါင်း ၄၅၀၀၀ ကျော်အထိမြင့်တက်လာ
ဖေဖော်ဝါရီ ၆ ရက်တွင် တူကီယဲနိုင်ငံ၌ ဖြစ်ပွားသော အင်အားပြင်းငလျင်ကြောင့် တူကီယဲနှင့်ဆီးရီးယားနိုင်ငံတို့၌ ယနေ့ အချိန်အထိ သေဆုံးသူစုစုပေါင်း ၄၅၀၀၀ ကျော်မြင့်တက်လာကြောင်း သိရသည်။
တူကီယဲတစ်မြို့တည်းမှာပင် နေအိမ်တိုက်ခန်းပေါင်း ၂၆၄၀၀၀ ခန့်ပြိုကျပျက်စီး သွားသည့်အတွက် သေဆုံးသူအရေအတွက် ဆက်လက်မြင့်တက်လာနိုင်ကြောင်း တူကီယဲအစိုးရက ထုတ်ပြန်ထားသည်။
သို့သော် ယခုချိန်က အသက်ရှင်သန် ရပ်တည်နိုင်ရေးအတွက် ရုန်းကန်နေရသူများ ရှိနေမည်ဟုယူဆသောကြောင့် ကယ်ဆယ် ရေးသမားများက အားသွန်ခွန်စိုက်ရှာဖွေမှု များလုပ်ဆောင်လျက်ရှိသည်။
နိုင်ငံတကာမှ ကယ်ဆယ်ရေးသမားများက သက်ဆိုင်ရာနိုင်ငံများသို့ပြန်သွားပြီဖြစ်သောကြောင့် တူကီယဲအနေဖြင့် ပြည်တွင်းကယ်ဆယ်ရေး သမားများဖြင့်သာ ကယ်ဆယ်ရေးလုပ်ငန်းကို လုပ်ဆောင်နေသည်။
တစ်ချိန်တည်းမှာပင် နေအိမ်များပြိုကျ ထားသောကြောင့် အညစ်အကြေးစွန့်ရန် နေရာရှားပါးသည့် အခြေအနေနှင့် ရင်ဆိုင်နေရသည့်အတွက် ကူးစက်ရောဂါများ ဖြစ်ပွားမည်ကို ကျန်းမာရေး တာဝန်ရှိသူများက စိုးရိမ်နေသည်။
Ref: CNA