၂၀၂၃ ခုနှစ်အတွက် အကောင်းဆုံးလို့ဆိုနိုင်တဲ့ ၆၅ လက်မ စမတ်တီဗွီများ

၂၀၂၃ ခုနှစ်အတွက် အကောင်းဆုံးလို့ဆိုနိုင်တဲ့ ၆၅ လက်မ စမတ်တီဗွီများ

မှတ်မိပါသေးတယ်။ ကျွန်တော်တို့ငယ်ငယ်တုန်းက တီဗွီဆိုတာ ငွေကြေးတတ်နိုင်တဲ့အိမ်များအတွက် အပန်းဖြေစရာပစ္စည်းတစ်ခုအဖြစ်ရှိခဲ့တာပါ။ လူအများစုကတော့ ဗီဒီယိုရုံတွေမှာ အခကြေးငွေပေးပြီး သွားကြည့်ကြရလေ့ရှိပါတယ်။ ဒီကနေ့ခေတ်မှာတော့ အိမ်တိုင်းလိုလိုက အနည်းဆုံးတီဗွီွတစ်လုံးစီကိုပိုင်ဆိုင်လာကြပါပြီ။ ငွေကြေးချမ်းသာတဲ့အိမ်တွေကတော့ ဧည့်ခန်းမှာတီဗွီတစ်လုံး၊ အိပ်ခန်းမှာတီဗွီတစ်လုံး အစရှိသဖြင့် ပိုင်ဆိုင်လာကြတာကို တွေ့မြင်နေရပါတယ်။

ယနေ့ခေတ်တီဗွီတွေဆိုတာ ကြည်လင်ပြတ်သားတဲ့ဖန်သားပြင်အကြီးကြီးတွေ၊ အသံချဲ့စက်တွေ စတာတွေနဲ့ ပေါင်းစပ်လိုက်တဲ့အခါ အိမ်တွင်းရုပ်ရှင်ရုံအသေးစားလို့ခေါ်လို့ရတဲ့အထိကို အဆင့်မြင့်တိုးတက်လာပါပြီ။ လူအများဆုံးအသုံးပြုလေ့ရှိတဲ့ တီဗွီများကတော့ ၆၅ လက်မတီဗွီများဖြစ်ပါတယ်။ ၆၅ လက်မတီဗွီဆိုတာ အရွယ်အစားအားဖြင့် အသေးစားလည်းမဟုတ်၊ အကြီးစားလည်းမဟုတ်တဲ့အတွက် အလယ်အလတ်တန်းစား တီဗွီလို့ ဆိုနိုင်ပါတယ်။ ဒါကြောင့် ၂၀၂၃ ခုနှစ်အတွက်ဆိုရင် ဘယ်တီဗွီအမျိုးအစားတွေက ငွေကုန်ကြေးကျသက်သာပြီး အကောင်းဆုံးရုပ်ထွက် အရည်အသွေးနဲ့ စိတ်ကျေနပ်မှုကို ပေးစွမ်းနိုင်မလဲဆိုတာ Cnet ဝက်ဆိုက်ရဲ့ လေ့လာစမ်းသပ်မှုတွေအရ ဖော်ပြပေးလိုက်ပါတယ်။

TCL 6-Series Roku

 စမ်းသပ်မှုတွေအရ အကောင်းဆုံး ၆၅ လက်မတီဗွီအတွက် ပထမနေရာမှာရပ်တည်နေတာကတော့ TCL 6-Series Roku တီဗွီများပါပဲ။

သူ့ရဲ့အချက်အလက် တချို့ကတော့  အရွယ်အစားအားဖြင့် ၅၅ လက်မ၊ ၆၅ လက်မ၊ ၇၅ လက်မနဲ့ ၈၅ လက်မဆိုပြီးရှိပါတယ်။ ဖန်သားပြင်နည်းပညာက Mini-LED ပါဝင်တဲ့ QLED နည်းပညာပါ။ ရုပ်ထွက်အရည်အသွေး 4K ရှိတဲ့ အဲဒီ စမတ်တီဗွီမှာ HDMI အပေါက် လေးပေါက်အထိပါဝင်ပါတယ်။

ပြီးခဲ့တဲ့ငါးနှစ်အတွင်းအတွေ့အကြုံတွေအရဆိုရင် TCL 6-Series တီဗွီများက ငွေပေးရတာတန်တဲ့တီဗွီများ အဖြစ်သတ်မှတ်နိုင်တာ ယနေ့အချိန်အထိပါပဲ။

Mini-LED နည်းပညာကြောင့် သာလွန်ကောင်းမွန်တဲ့ ရုပ်ထွက်အရည်အသွေးကိုထုတ်လုပ်ပေးနိုင်သလို ဂိမ်းကစားတတ်သူတွေအနေနဲ့ အကြိုက်တွေ့စေမှာအမှန်ဖြစ်ပါတယ်။ တခြားသောနည်းပညာတွေကတော့ စမတ်တီဗွီတိုင်းမှာပါဝင်တဲ့နည်းပညာတွေဖြစ်ပြီး အသုံးပြုရတာလွယ်ကူမှုရှိစေမှာပါ။

အခုတင်ပြသွားတဲ့ တီဗွီအမျိုးအစားက ွှဃူ ျွ၆၅၅ အမျိုးအစားဖြစ်ပြီး ဈေးနှုန်းအားဖြင့် အမေရိကန်ဒေါ်လာ ၉၅၀ သာ ကျသင့်မှာဖြစ်ပါတယ်။

LG OLED C2

 ဒုတိယနေရာချိတ်တဲ့ နောက်ထပ်တီဗွီအမျိုးအစားက နာမည်ကျော် LG ကုမ္ပဏီကထုတ်တဲ့ OLED ပဲဖြစ်ပါတယ်။ ဒီနေရာမှာ C2 ဆိုတာက ဈေးနှုန်းမြင့်မားတဲ့ အမျိုးအစားတွေထဲကမှ ပုံရိပ်အရည်အသွေး အကောင်းဆုံး ပေးစွမ်းနိုင်ခြင်းကို ကိုယ်စားပြုတယ်လို့ ဆိုပါတယ်။

သူ့ရဲ့အားသာချက်တွေက သူ့ဈေးတန်းမှာရှိတဲ့ တခြားတီဗွီများထက် များစွာသာ လွန်နေတာကိုလည်း တွေ့ရပါတယ်။ အဓိကကတော့ မြင့်မားလွန်းလှတဲ့ အမည်းရောင်အရည်အသွေးနဲ့ သူမတူတဲ့ထင်သာ မြင်သာဖြစ်အောင် ဖော်ပြပေးနိုင်စွမ်းတို့ကြောင့်ပါပဲ။

နောက်တစ်ခုရှိတာက တီဗွီအများစုကို ရှေ့တည့်တည့်ကနေကြည့်မှသာ ကောင်းမွန်တဲ့ ပုံရိပ်အရည်အသွေးကို မြင်ရတာဖြစ်ပေမယ့် LG OLED C2 ကတော့ ဘယ်နေရာကနေပဲကြည့်ကြည့် ကျဆင်းသွားခြင်းမရှိတဲ့ ပုံရိပ်အရည်အသွေးကို ဖော်ပြပေးနိုင်ပါတယ်။

LG OLED C2 ကို အရွယ်အစားအမျိုးမျိုးနဲ့ထုတ်လုပ်ထားပါတယ်။ အရွယ်အစားကြီးလေ ဈေးနှုန်းများလေပေါ့။ ဒီနေရာမှာတော့ ၆၅ လက်မတီဗွီရဲ့ဈေးနှုန်းကိုသာပြောသွားပါမယ်။ ၁၆၉၇ ဒေါ်လာပါ။

၂၀၂၁ ခုနှစ်ထုတ် LG OLED C1 ကိုအဆင့်မြှင့်တင်ထားတဲ့ C2 မှာ ကိုယ်ထည်ကို ကာဗွန်ဖိုင်ဘာနဲ့ ထုတ်လုပ်ထားတာကြောင့် အလေးချိန် ၄၇ ရာခိုင်နှုန်းအထိ ပိုမိုပေါ့ပါးပါတယ်။

၆၅ လက်မ ဃ၁ တီဗွီအလေးချိန်က ဒေါက်ပါအပါဆိုရင် ၇၂ ပေါင်အထိလေးပေမယ့် ဃ၂ ၆၅ လက်မကတော့ အလေးချိန် ၃၇ ပေါင်သာရှိပါတယ်။

Samsung QN90B

OLED နည်းပညာအသုံးပြုထားတဲ့ ဖန်သားပြင်ကိုလည်း မလိုချင်ဘူး။ ဒါပေမဲ့ နည်းပညာမြင့်မားပြီး ရုပ်ထွက်ကောင်းတဲ့ တီဗွီတစ်လုံးကို လိုချင်တယ်ဆိုရင်တော့ Samsung QN90B က အသင့်လျော်ဆုံး ဖြစ်ပါလိမ့်မယ်။

Samsung QN90B ရဲ့ဖန်သားပြင်အတွက် QLED နည်းပညာကိုအသုံးပြုထားတာဖြစ်ပြီး တခြားသော OLED တီဗွီများထက် ပိုမိုတောက်ပတဲ့ ရုပ်ပုံအရည်အသွေးကိုထုတ်ပေးနိုင်ဖို့အတွက် Mini-LED နည်းပညာကိုပါ တွဲဖက်အသုံးပြုထားတာပါ။

ပုံရိပ်ကို ထင်သာမြင်သာရှိမှုအရည်အသွေးမှာတော့ OLED နည်းပညာသုံးဖန်သားပြင်များက အနိုင်ရထားပေမယ့် ဆမ်ဆောင်းရဲ့ QLED ကလည်း ခေသူတော့မဟုတ်ပါဘူး။

QN90B ကလည်း ဆမ်ဆောင်းကုမ္ပဏီထုတ် တခြားသော အရည်အသွေးမြင့်တီဗွီများလိုပဲ အွန်လိုင်းဂိမ်းတွေကို ဆော့လို့ရအောင် အဆင့်မြှင့်တင် ဖန်တီးပေးထားပါတယ်။

ဒီလိုအွန်လိုင်းဂိမ်းတွေကို ဆော့မယ်ဆိုရင်တော့ အင်တာနက်အတွက် ဝိုင်ဖိုင်ဖမ်းယူပြီးဆော့တာထက် အင်တာနက်ကြိုးတိုက်ရိုက် ချိတ်ဆက်ပြီးဆော့တာက  အကောင်းဆုံးသော ဂိမ်းကစားမှုအတွေ့အကြုံများကို ရရှိစေမှာဖြစ်တယ်လို့ ဆမ်ဆောင်းကုမ္ပဏီက ထုတ်ပြန်ထားပါတယ်။

ပြောဖို့တစ်ခုကျန်သွားတယ်။ အဲဒါကတော့ သူ့ရဲ့ဈေးနှုန်းပါ။ ဆမ်ဆောင်းဝက်ဆိုက်မှာ ဖော်ပြထားချက်အရဆိုရင် သူ့ရဲ့ဈေးနှုန်းက အမေရိကန်ဒေါ်လာ ၁၇၀၀ ဖြစ်ပါတယ်။                           

Ref:Cnet