ဟိုင်းကြီးကျွန်းမြို့၊ မဟာမကုဋရံသီ ဆံတော်ရှင်မြတ်မော်တင်စေတီတော်မြတ်ကြီး ဗုဒ္ဓပူဇနိယပွဲတော်ဖွင်ပွဲ ကျင်းပ

ဟိုင်းကြီးကျွန်းမြို့၊ မဟာမကုဋရံသီ ဆံတော်ရှင်မြတ်မော်တင်စေတီတော်မြတ်ကြီး ဗုဒ္ဓပူဇနိယပွဲတော်ဖွင်ပွဲ ကျင်းပ

နေပြည်တော်၊ ဖေဖော်ဝါရီ ၁၉

          ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်၊ ဟိုင်းကြီးကျွန်းမြို့ရှိ မဟာမကုဋရံသီ ဆံတော်ရှင် မြတ်မော်တင်စေတီတော်မြတ်ကြီး၏ ဗုဒ္ဓပူဇနိယပွဲတော်ဖွင့်ပွဲ ကို ယနေ့နံနက်ပိုင်းတွင် အဆိုပါစေတီတော်မြတ်ကြီး၏ တောင်ခြေရှိ မင်္ဂလာမုခ်ဦး၌ ပြုလုပ်ရာ ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ အနောက်တောင်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် ကြည်ခိုင်နှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ဒေသခံပြည်သူများနှင့် ဘုရားဖူးလာပြည်သူအများ တက်ရောက်ကြသည်။

          ဦးစွာ တက်ရောက်လာကြသူများက စေတီတော်မြတ်ကြီးအား ဆွမ်း၊ ပန်း၊ ရေချမ်း၊ သစ်သီးဆွမ်းများ ကပ်လှူပူဇော်ခဲ့ကြပြီး သဲဖြူနှင့်မဟာမြိုင်တောရဓမ္မရိပ်သာတို့၏ ဦးစီးပဓာန နာယက ဘဒ္ဒန္တ ပညာဇောတ၊ သာသနာဓဇဓမ္မာစရိယ၊ ကမ္မဋ္ဌာနာစရိယ မဟာထေရ်မြတ်ထံမှ ငါးပါးသီလခံယူ ဆောက်တည်၍ အနုမောဒနာတရားနားကြားကြပြီး ကောင်းမှုကုသိုလ်အစုစု တို့အတွက် ရေစက်သွန်းချအမျှပေးဝေကြကာ ဆရာတော်ကြီးအား အရုဏ်ဆွမ်းဆက်ကပ် လှူကြသည်။

          ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တက်ရောက်လာကြသူများက ဩဝါဒါဆရာတော်ကြီးများနှင့်အတကွ မြတ်မော်တင်တောင်ခြေနှင့် အနီးဝန်းကျင်ကျေးရွာ များတွင် သီတင်းသုံးတော်မူကြသော သံဃာတော်အပါး ၂၀၀ တို့အား ဆွမ်း၊ လှူဖွယ် ပစ္စည်းများနှင့် အလှူတော်ငွေများ လောင်းလှူပူဇော်ခဲ့ကြပြီး ဆံတော်ရှင်မြတ်မော်တင် စေတီတော်မြတ်ကြီး တောင်ခြေတွင် ရှင်ဉပဂုတ္တမထေရ်မြတ်အား ပင့်ဆောင်ပူဇော်၍ ဖောင်တော်အား ရေမျှောပူဇော်ကုသိုလ်ပြုလုပ်ခဲ့ကြသည်။

          ဆက်လက်၍ မဟာမကုဋသီ ဆံတော်ရှင်မြတ်မော်တင်စေတီတော်မြတ်ကြီး၏ ဗုဒ္ဓပူဇနိယပွဲတော် ဖွင့်ပွဲမင်္ဂလာအခမ်းအနားအား ဗုဒ္ဓါဘိသေက မင်္ဂလာဩဘာစာတမ်း အား ဖတ်ကြားပြီးနောက် မင်္ဂလာအချိန်အခါတွင်  တိုင်းဒေသကြီး ဝန်ကြီးချုပ် ၊ တိုင်းမှူးနှင့် တာဝန်ရှိသူများက ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး မင်္ဂလာမုခ်ဦးအား အမွှေးနံ့သာရည်များဖြင့် ပတ်ဖျန်း၍ စေတီတော်မြတ်ကြီးအား လကျ်ာရစ်လှည့်လည်ပူဇော်ခဲ့ကြကြောင်း သတင်း ရရှိသည်။