(၂၉)ကြိမ်မြောက်တပ်မတော် (ကြည်း၊ ရေ၊ လေ) စစ်တီးဝိုင်းပြိုင်ပွဲ ဆက်လက်ကျင်းပ

(၂၉)ကြိမ်မြောက်တပ်မတော် (ကြည်း၊ ရေ၊ လေ) စစ်တီးဝိုင်းပြိုင်ပွဲ ဆက်လက်ကျင်းပ

နေပြည်တော် ဖေဖော်ဝါရီ ၁၉

   (၇၈)နှစ်မြောက် တပ်မတော်နေ့အထိမ်းအမှတ် (၂၉)ကြိမ်မြောက် တပ်မတော် (ကြည်း၊ ရေ၊ လေ)စစ်တီးဝိုင်းပြိုင်ပွဲ  (ခ) အဆင့်ပြိုင်ပွဲများကို ယနေ့ နံနက် ပိုင်းတွင် နေပြည်တော်ရှိ စစ်ကြောရေးနှင့် တည်းခိုရေးစခန်း စစ်ရေးပြကွင်း၌ ဆက်လက်ကျင်းပသည်။

ယနေ့နံနက်ပိုင်းပွဲစဉ်အဖြစ် (ခ)အဆင့်ပြိုင်ပွဲတွင် အမှတ်(၅၅) ခြေမြန် တပ်မဌာနချုပ် ကိုယ်စားပြုအသင်း၊ အမှတ်(၉၉)ခြေလျှင်တပ်မဌာနချုပ်ကိုယ် စားပြုအသင််း၊ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် အမှတ်(၁)တပ်ခွဲ ကိုယ်စားပြု အသင်း၊ တြိဂံဒေသတိုင်းဌာနချုပ် အမှတ်(၁)တပ်ခွဲကိုယ်စားပြုအသင်း၊ ကမ်းရိုး တန်းဒေသတိုင်း စစ်ဌာနချုပ်အမှတ်(၂)တပ်ခွဲ ကိုယ်စားပြုအသင်း၊ အမှတ်(၁၁) ခြေမြန်တပ်မဌာနချုပ် ကိုယ်စားပြုအသင်း၊ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် အမှတ် (၂)တပ်ခွဲ ကိုယ်စားပြုအသင်းတို့ ယှဉ်ပြိုင်ခဲ့ကြသည်။

ထိုပြင်ညနေပိုင်းတွင် (ခ)အဆင့်ပြိုင်ပွဲများဆက်လက်ကျင်းပရာ အမှတ် (၃၃)ခြေမြန်တပ်မ ဌာနချုပ် ကိုယ်စားပြုအသင်း၊ ကမ်းရိုးတန်းတိုင်းစစ်ဌာနချူပ် အမှတ်(၃)ကိုယ်စားပြုအသင်း၊ အမှတ်(၄၄)ခြေမြန်တပ်မဌာနချုပ် ကိုယ်စားပြု အသင်းတို့ယှဉ်ပြိုင်ခဲ့ကြသည်။

အဆိုပါ ပြိုင်ပွဲယှဉ်ပြိုင်နေမှု့များကို  တပ်မတော်( ကြည်း၊ ရေ၊လေ) စစ်တီး ဝိုင်းပြိုင်ပွဲ ကျင်းပရေး ကော်မတီဥက္ကဌ တွဲဖက်စစ်ရေးချုပ် ဗိုလ်ချုပ် ထိန်လင်း၊ တပ်မတော် အရာရှိကြီးများ၊ ဒိုင်အဖွဲ့ဝင်များ၊ ပြိုင်ပွဲဝင်အသင်းများနှင့် ဖိတ်ကြားထားသူများ ကြည့်ရှု့ အားပေးခဲ့ကြောင်းသတင်းရရှိသည်။