မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ်အတွင်းရှိ ဒေသခံပြည်သူများအား တပ်မတော်နယ်လှည့် အထူးဆေးကုသရေးအဖွဲ့က ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆက်လက်ဆောင်ရွက်

မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ်အတွင်းရှိ ဒေသခံပြည်သူများအား တပ်မတော်နယ်လှည့် အထူးဆေးကုသရေးအဖွဲ့က ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆက်လက်ဆောင်ရွက်

နေပြည်တော်ဖေဖော်ဝါရီ - ၁၉

မကွေးတိုင်းဒေသကြီးအတွင်း ရောက်ရှိနေသော တပ်မတော်နယ်လှည့်အထူးဆေးကုသရေးအဖွဲ့သည် ယနေ့တွင် တောင်တွင်းကြီးမြို့နယ်၊ ဆတ်သွားကျေးရွာရှိ ပေါ်တော်မူဆုတောင်းပြည့် ဘုရားကြီးကျောင်း ဓမ္မာရုံ၌ အခြေပြု၍အဆိုပါကျေးရွာနှင့် ပတ်ဝန်းကျင်ကျေးရွာများမှ ဒေသခံပြည်သူစုစုပေါင်း ၁၀၇၅ ဦးကို ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ဆက်လက်ဆောင်ရွက်ပေးသည်။

ထိုသို့ ဆောင်ရွက်ပေးရာတွင် ဆေးကုသမှုဆိုင်ရာရောဂါ ၂၆၀ ဦး၊ ခွဲစိတ်ရောဂါ ၁၁၅ ဦး၊ ကလေးရောဂါ ၄၉ ဦး၊ သားဖွားမီးယပ်ရောဂါ ၅၁ ဦး၊ အရိုးရောဂါ ၂၅၆ ဦး၊ နား၊ နှာခေါင်း၊ လည်ချောင်းရောဂါ ၄၅ ဦး၊ မျက်စိရောဂါ ၁၈၂ ဦး၊ သွားရောဂါ ၅၃ ဦးနှင့် အထွေထွေရောဂါ ၆၄ ဦးတို့ကို လိုအပ်သည့် ဆေးဝါးကုသမှုများဆောင်ရွက်ပေးသည်။ ထို့ပြင် အထွေထွေခွဲစိတ်လူနာ ၇ ဦး၊ မျက်စိကုသမှုလူနာ ၁၀ ဦး၊ ဓာတ်မှန်ရိုက်လူနာ ၅၆ ဦး၊ Ultrasound ဖြင့် စမ်းသပ်စစ်ဆေးလူနာ ၁၂၁ ဦး၊ ECG စက်ဖြင့် နှလုံးစမ်းသပ်လူနာ ၉၅ ဦးနှင့် ဓာတ်ခွဲစမ်းသပ်လူနာ ၁၀၁ ဦးတို့ကို ရွေ့လျား ဓာတ်မှန်ရိုက်ယာဉ်နှင့် ရွေ့လျားဓာတ်ခွဲခန်းယာဉ်တို့ဖြင့် ရောဂါရှာဖွေစမ်းသပ်စစ်ဆေး ပေးခြင်းများဆောင်ရွက်ပေးသည်။

၎င်းအပြင် နယ်လှည့်အထူးဆေးကုသရေးအဖွဲ့က ဒေသခံပြည်သူများအား သွေးတိုးရောဂါနှင့် ဆီးချို၊ သွေးချိုရောဂါများအကြောင်း ကျန်းမာရေးအသိပညာပေး ဟောပြောဆွေးနွေးခြင်းများ ဆောင်ရွက်ပေးပြီး ဆေးကုသမှုခံယူနေသည့် ဒေသခံ ပြည်သူများအား စားရေးအဆင်ပြေစေရန်အတွက် တာဝန်ရှိသူများနှင့် အလှူရှင်များက နေ့လယ်စာဖြင့် ဧည့်ခံကျွေးမွေးကြသည်။

ယင်းသို့ ဆောင်ရွက်ပေးနေမှုများကို တာဝန်ရှိသူများက ကြည့်ရူအားပေး၍ လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးကာ ဒေသခံပြည်သူများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ခဲ့ကြောင်း သတင်းရရှိသည်။