အဆင့်မြင့်ပညာ ဦးစီးဌာန တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ကောလိပ်ပေါင်းစုံ ဘောလုံးပြိုင်ပွဲနှင့် ပညာရေးဒီဂရီကောလိပ် ပေါင်းစုံ အားကစားပြိုင်ပွဲ ဆက်လက်ကျင်းပ

အဆင့်မြင့်ပညာ ဦးစီးဌာန တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ကောလိပ်ပေါင်းစုံ ဘောလုံးပြိုင်ပွဲနှင့် ပညာရေးဒီဂရီကောလိပ် ပေါင်းစုံ အားကစားပြိုင်ပွဲ ဆက်လက်ကျင်းပ

နေပြည်တော်  ဖေဖော်ဝါရီ  ၁၉

    ပညာရေးဝန်ကြီးဌာန အဆင့်မြင့်ပညာ ဦးစီးဌာန တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ကောလိပ်ပေါင်းစုံ ဘောလုံးပြိုင်ပွဲနှင့် ဆရာ အတတ်ပညာဦးစီးဌာန  ပညာရေးဒီဂရီ ကောလိပ်ပေါင်းစုံ အားကစားပြိုင်ပွဲ ဒုတိယနေ့ ပွဲစဉ်များကို   ယနေ့နံနက်ပိုင်းမှ စတင်ပြီး သက်ဆိုင်ရာ အားကစားနည်းများ အလိုက် သတ်မှတ်ထားသော အားကစားကွင်း၊ ရုံများ တွင် ဆက်လက်ယှဉ်ပြိုင် ကစားကြသည်။

ဝဏ္ဏသိဒ္ဓိ အားကစားကွင်းရှိ Boxing အားကစားခန်းမ၌ ကျင်းပသည့် အမျိုး သားပိုက်ကျော်ခြင်း ပြိုင်ပွဲ ဆီမီးဖိုင်နယ် ပွဲစဉ်တွင်  တောင်ငူပညာရေး ဒီဂရီကောလိပ် အသင်းက မုံရွာပညာရေး ဒီဂရီကောလိပ် အသင်းကို ၂ ပွဲ ၁ ပွဲဖြင့် လည်းကောင်း၊ ရန်ကင်းပညာရေး ဒီဂရီကောလိပ်အသင်းက    မန္တလေးပညာရေး ဒီဂရီကောလိပ် အသင်းကို  ၂  ပွဲပြတ်ဖြင့် လည်းကောင်း အနိုင် ရရှိခဲ့ကြသည်။

ဝဏ္ဏသိဒ္ဓိအားကစားကွင်း(B)ရုံ၌ ကျင်းပသည့်   အမျိုးသမီးဘော်လီဘော ဆီမီး ဖိုင်နယ်ပွဲစဉ်တွင် လားရှိုးပညာရေး ဒီဂရီ ကောလိပ်အသင်းက မြောင်းမြပညာရေး ဒီဂရီကောလိပ်အသင်းကို ၃ ပွဲပြတ်ဖြင့် လည်းကောင်း၊ တောင်ကြီးပညာရေး ဒီဂရီကောလိပ် အသင်းက ထားဝယ်ပညာရေး ဒီဂရီကောလိပ် အသင်းကို ၃ ပွဲပြတ်ဖြင့် လည်းကောင်း အနိုင် ရရှိကြပြီး အမျိုးသား ဘော်လီဘောဆီမီးဖိုင်နယ်ပွဲစဉ်တွင် မိတ္ထီလာပညာရေး ဒီဂရီ ကောလိပ်အသင်းက သင်္ဃန်းကျွန်းပညာရေး ဒီဂရီကောလိပ် အသင်းကို ၃ ပွဲပြတ်ဖြင့် လည်းကောင်း အနိုင်ရရှိကြကာ ဗိုလ်လုပွဲသို့ တက်ရောက် သွားကြပြီဖြစ်သည်။

အမျိုးသားဘောလုံးပြိုင်ပွဲ ဆီမီးဖိုင်နယ် ပွဲစဉ်တွင် မိတ္ထီလာပညာရေး ဒီဂရီကောလိပ် အသင်းက ပုသိမ်ပညာရေး ဒီဂရီကောလိပ် အသင်းကို ၂ ဂိုး ၁ ဂိုးဖြင့် လည်းကောင်း၊ ဘားအံပညာရေးဒီဂရီကောလိပ် အသင်းက မကွေးပညာရေးဒီဂရီကောလိပ် အသင်းကို ၂ ဂိုး ၁ ဂိုးဖြင့်လည်းကောင်း အနိုင်ရရှိကြကာ ဗိုလ်လုပွဲသို့ တက်ရောက်သွားပြီဖြစ်သည်။

တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ကောလိပ်ပေါင်းစုံဘောလုံးပြိုင်ပွဲ အုပ်စုပွဲစဉ်များကို ယနေ့နံနက်ပိုင်းမှ စတင်ကစားရာ ရန်ကုန်ဇုန်အသင်းက ပုသိမ်ဇုန်အသင်းကို ၃ ဂိုး ၁ ဂိုးဖြင့်လည်းကောင်း၊  မြစ်ကြီးနားဇုန် အသင်းက ဒဂုံဇုန်အသင်းကို ၂ ဂိုးပြတ်ဖြင့် လည်းကောင်း အနိုင်ရရှိကြသည်။

ဖေဖော်ဝါရီ ၂၀ ရက်တွင် ဆရာအတတ်ပညာ ဦးစီးဌာန ပညာရေး ဒီဂရီကောလိပ် ပေါင်းစုံအားကစား ပြိုင်ပွဲမှ ပြေးခုန်ပစ်ပြိုင်ပွဲများနှင့်  ဘော်လီဘော (အမျိုးသား၊ အမျိုးသမီး) တတိယနေရာလုပွဲ ပွဲစဉ်များကို လည်းကောင်း၊ တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ကောလိပ်ပေါင်းစုံ ဘောလုံးပြိုင်ပွဲမှ အုပ်စု ပွဲစဉ်များကို လည်းကောင်း ဆက်လက်ယှဉ်ပြိုင် ကျင်းပသွားမည်ဖြစ်ကြောင်း  သိရသည်။