ကလိန်အောင်မြို့၌ နှမ်းခင်းများ အောင်မြင်ဖြစ်ထွန်းပြီး အဆင်ပြေလျက်ရှိ

ကလိန်အောင်မြို့၌ နှမ်းခင်းများ အောင်မြင်ဖြစ်ထွန်းပြီး အဆင်ပြေလျက်ရှိ

    တနင်္သာရီတိုင်းဒေသကြီး  ထားဝယ်ခရိုင် ကလိန်အောင်မြို့၌  စိုက်ပျိုးရေးလုပ်ငန်းကို  အဓိကလုပ်ကိုင်လျက်ရှိရာ ယခုအခါ နှမ်းစိုက်ခင်းများ  အောင်မြင်ဖြစ်ထွန်းပြီး  အဆင်ပြေလျက်ရှိကြောင်း  ကလိန်အောင်မြို့ရှိ  စိုက်ပျိုးတောင်သူ တစ်ဦးထံမှ သိရသည်။

ကလိန်အောင်မြို့၌  နှမ်းများကို မိုးအကုန် ဆောင်းအကူးတွင်   စတင်စိုက်ပျိုးကြပြီး စိုက်ပျိုးရာတွင် တစ်ဧကကို မျိုးစေ့နှစ်ပြည့်ခန့် စိုက်ပျိုးလျက်ရှိသည်။

နှမ်းစတင် စိုက်ပျိုးချိန်မှစ၍  သုံးလခွဲ နှင့် လေးလအကြာတွင်  ရိတ်သိမ်းရပြီး ဈေးနှုန်းမှာ တစ်ပြည်ကို ယာနှမ်း ၃၈၀၀၊ ကိုင်းနှမ်း  ၂၇၀၀ ကျပ်ရရှိကာ  ကလိန်အောင်မြို့ရှိ  နှမ်းစိုက်တောင်သူ တစ်ဦးက ပြောသည်။

ကလိန်အောင်မြို့အတွင်းရှိ ကျေးရွာများတွင်  တောင်သူများမှာ  ဆောင်းသီးနှံအဖြစ် နှမ်း၊ ပြောင်းဖူး၊ ကြံအပင်များ စိုက်ပျိုးကြသော်လည်း ရာသီဥတုဖောက်ပြန်မှုကြောင့် ယခုအခါတွင်  အစားထိုး၍   နှမ်းသီးနှံကို  စိုက်ပျိုးလာကြကြောင်း   သိရသည်။