ဘောလုံးလောက ဖွံ့ဖြိုးတိုးတက်စေရေး နွေရာသီ လူငယ်ဘောလုံးသင်တန်းကို ရန်ကုန်မြို့နှင့် မန္တလေးမြို့တို့၌  ဖွင့်လှစ်ရန် စီစဉ်ထား

ဘောလုံးလောက ဖွံ့ဖြိုးတိုးတက်စေရေး နွေရာသီ လူငယ်ဘောလုံးသင်တန်းကို ရန်ကုန်မြို့နှင့် မန္တလေးမြို့တို့၌  ဖွင့်လှစ်ရန် စီစဉ်ထား

    မြန်မာနိုင်ငံ  ဘောလုံးအဖွဲ့ချုပ်မှ ဘောလုံးလောက   ဖွံ့ဖြိုးတိုးတက်စေရေး အတွက်  ၂၀၂၃ ခုနှစ်  နွေရာသီ လူငယ်ဘောလုံးသင်တန်း  အမှတ်စဉ်(၁) နှင့် (၂)   တို့ကို ရန်ကုန်မြို့နှင့်မန္တလေးမြို့တို့ရှိ မြန်မာ နိုင်ငံ ဘောလုံးအဖွဲ့ချုပ် ဘောလုံးအကယ်ဒမီများနှင့်    ဗဟန်းမြက်ခင်းတု ကွင်းတို့၌ ဖွင့်လှစ်သင်ကြားပေးရန် စီစဉ်ထားကြောင်း    သိရသည်။

နွေရာသီ   လူငယ်ဘောလုံး သင်တန်း အမှတ်စဉ်(၁) ကို မတ် ၁ ရက်မှ ဧပြီ ၁၀ ရက်အထိ လည်းကောင်း၊ အမှတ်စဉ်(၂)ကို ဧပြီ ၁၉ ရက်မှ မေ ၂၉ ရက်အထိလည်း ကောင်း   ဖွင့်လှစ်မည်ဖြစ်ပြီး   သင်တန်း နည်းပြများအဖြစ်  မြန်မာနိုင်ငံဘောလုံး အဖွဲ့ချုပ်ရှိ   အာရှဘောလုံး အဖွဲ့ချုပ်အသိ အမှတ်ပြု  နည်းပြလိုင်စင်ရ သင်တန်း ဆရာများက  ကြီးကြပ်သင်ကြားပေးမည် ဖြစ်သည်။

အဆိုပါ   နွေရာသီ  လူငယ်ဘောလုံး သင်တန်းများကို အသက်ကိုးနှစ်မှ   ၁၅ နှစ်အတွင်းရှိ မည်သူမဆို တက်ရောက်နိုင်မည်ဖြစ်ပြီး သင်တန်းချိန်များအဖြစ် အပတ်စဉ်  တနင်္လာ၊  ဗုဒ္ဓဟူး၊  သောကြာနေ့တို့တွင်  နံနက် ၇  နာရီခွဲမှ  ၉ နာရီခွဲအထိ ဖွင့်လှစ်သင်ကြား ပေးမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါသင်တန်းကို    သင်တန်းကြေး အဖြစ် ငွေကျပ် ၅၀၀၀၀ သတ်မှတ်ထားပြီး သင်တန်းဝတ်စုံတစ်စုံနှင့်  မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်  အသိအမှတ်ပြု သင်တန်းဆင်းလက်မှတ်  ပေးအပ်မည်ဖြစ်ကာ သင်တန်းတက်ရောက်လိုသူများ အနေ ဖြင့်  ဖုန်း- ၀၉-၄၀၃၇၂၅၄၂၅ (ရန်ကုန်)၊  ၀၉-၄၂၆၅၅၀၀၆၆ (မန္တလေး)တို့သို့ ဖေဖော်ဝါရီ ၂၈ ရက်နောက်ဆုံးထား၍ ဆက်သွယ် စာရင်းပေးသွင်းနိုင်ကြောင်း သိရသည်။