မန္တလေး သီရိမာလာ ကုန်စိမ်းဈေးတွင် ပြောင်းဖူး ပိဿာချိန် ၃၀ ဝင် တစ်အိတ်လျှင် ငွေကျပ် ၃၄၀၀၀ ဖြင့် ဈေးကောင်းရရှိ

မန္တလေး သီရိမာလာ ကုန်စိမ်းဈေးတွင် ပြောင်းဖူး ပိဿာချိန် ၃၀ ဝင် တစ်အိတ်လျှင် ငွေကျပ် ၃၄၀၀၀ ဖြင့် ဈေးကောင်းရရှိ

    မန္တလေးတိုင်းဒေသကြီး အောင်မြေသာစံ မြို့နယ် ကမ်းနားလမ်းရှိ သီရိမာလာ ကုန်စိမ်းဈေးတွင် ဧရာဝတီမြစ်ရိုး တစ်လျှောက်မှ ထွက်ရှိသည့်ပြောင်းဖူး ပိဿာချိန် ၃၀ ဝင် တစ်အိတ်လျှင် ငွေကျပ် ၃၄၀၀၀ ဖြင့် ဈေးကောင်းရရှိနေကြောင်း  အဆိုပါဈေးအတွင်းရှိ “အောင်”ကုန်စိမ်းပွဲရုံ ပိုင်ရှင်ထံမှ သိရသည်။

ဈေးကွက်သို့    ဝင်ရောက်လာသော  ပြောင်းဖူးများသည်    ဧရာဝတီမြစ်ရိုးတစ်လျှောက် ကျွန်းမြေများမှထွက်ရှိပြီး  မန္တလေးသီရိမာလာ   ကုန်စိမ်းဈေးသို့   တစ်ရက်လျှင် ခြောက်ဘီးယာဉ်ခုနစ်စီးမှ    ရှစ်စီးထိ ပုံမှန်ဝင်ရောက်လျက်ရှိကြောင်း၊  ပြောင်းဖူးဈေးနှုန်းများမှာ ဇန်နဝါရီလက ပိဿာချိန် ၃၀ ဝင် တစ်အိတ်လျှင် ငွေကျပ် ၃၂၀၀၀ ရှိခဲ့ရာမှ ယခုအခါ ပိဿာချိန် ၃၀ ဝင် တစ်အိတ်လျှင် ငွေကျပ် ၃၄၀၀၀ ထိရှိကာ ဈေးကောင်း ရရှိနေကြောင်း သိရသည်။

“လက်ရှိအချိန်မှာ ဈေးကိုဝင်ရောက်လာတဲ့ ပြောင်းဖူးတွေ ဈေးကောင်း ရရှိနေပါတယ်။  ပြောင်းဖူးက  ဧရာဝတီမြစ်ရိုး တစ်လျှောက် ကျွန်းမြေတွေကပဲ ထွက်တော့တယ်။ တောင်ပေါ်ဒေသထွက်တွေ မရှိတော့ပါဘူး။ ဒါကြောင့် ဈေးတက်သွားတာပါ။ ဈေးတက်လာတာကလည်း ပြောင်းမျိုးစေ့ဈေးတွေ တက်တာကြောင့် ပြောင်းဖူးဈေးနှုန်းတွေ တက်လာတာပါ။ ခြောက်ဘီးယာဉ် တစ်စီးကို ပိဿာချိန် ၃၀ ဝင် အိတ် ၁၀၀၀၀ နဲ့ ၁၂၀၀၀ ကြား ပါပါတယ်။ ပြောင်းဖူးကို အိတ်ပြတ် ဝယ်ယူကြတာများပါတယ်။    လားရှိုးနဲ့ ရန်ကုန်တွေကိုလည်း တင်ပို့ရပါတယ်။

သီရိမာလာကုန်စိမ်းဈေးမှာ ပြောင်းဖူးအပြင် ျန်တဲ့ကုန်စိမ်းသီးနှံတွေလည်း အရောင်းအဝယ်ကောင်းနေပါတယ်"ဟု “အောင်”ကုန်စိမ်းပွဲရုံပိုင်ရှင်ထံမှ သိရသည်။