ဖိလစ်ပိုင်၌ လူလေးဦး လိုက်ပါသော လေယာဉ်ငယ်တစ်စင်း ပျက်ကျ

ဖိလစ်ပိုင်၌ လူလေးဦး လိုက်ပါသော လေယာဉ်ငယ်တစ်စင်း ပျက်ကျ

ဖိလစ်ပိုင်နိုင်ငံ၌   ထိုင်ခုံခြောက်ခုံပါ  Cessna လေယာဉ်ငယ်တစ်စင်းသည် လေဆိပ်မှ ထွက်ခွာသွားပြီးနောက် မကြာမီ ပျက်ကျသွားကြောင်း သိရသည်။

ထိုလေယာဉ်သည် ဖေဖော်ဝါရီ ၁၈ ရက် နံနက်ပိုင်းတွင် မနီလာမြို့ အရှေ့တောင်ဘက် ရှိ အယ်ဘေးပြည်နယ်မှ ထွက်ခွာသွားခြင်းဖြစ်ကြောင်း အရပ်ဘက်လေကြောင်းအာဏာ ပိုင်အဖွဲ့ကပြောသည်။

လေယာဉ်မှူးတစ်ဦး၊ လေယာဉ်အမှုထမ်း တစ်ဦးနှင့် လူနှစ်ဦး စုစုပေါင်းလူလေးဦး လိုက်ပါလာသော အဆိုပါ လေယာဉ်သည် ဒေသစံတော်ချိန်နံနက် ၆ နာရီ ၄၃ မိနစ် တွင် ဘိုင်ကောအပြည်ပြည်ဆိုင်ရာ လေဆိပ်မှ ထွက်ခွာသွားခြင်းဖြစ်သည်။

လေယာဉ်ကိုယ်ထည်အမှတ် RP C2080  ဟုရိုက်နှိပ်ထားသော ထိုလေယာဉ်သည် မနီလာမြို့သို့ ဦးတည် ပျံသန်းလာခြင်းဖြစ် သော်လည်း နံနက် ၆ နာရီ ၄၆ မိနစ်တွင် အဆက်အသွယ်ပြတ်တောက် ပျောက်ဆုံး သွားခြင်းဖြစ်သည်။

ထို့နောက် တာဝန်ရှိသူများက ရှာဖွေမှု များ လုပ်ဆောင်ရာ လေယာဉ်သည် ပျက်ကျ သွားခြင်းဖြစ်သည်ကို တွေ့ရပြီး အသက်ရှင် ကျန်ရစ်နိုင်ဖွယ် ရှိသူများကို ဆက်လက်ရှာဖွေ နေကြောင်း တာဝန်ရှိသူများက ဖေဖော်ဝါရီ  ၁၉ ရက်တွင် ပြောသည်။

သို့သော် ရာသီဥတု ကန့်သတ်ချက်များ ကြောင့်     မြင်ကွင်းကောင်းစွာ မရသည့် အတွက် ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းကို အဟန့်အတားဖြစ်စေကြောင်း  တာဝန်ရှိသူများက ဆက်ပြောထားသည်ဟု သိရသည်။