ခိုလမ်မြို့ရှိ စစ်မှုထမ်းဟောင်း အိမ်ယာ တည်ဆောက်ပြီးစီးမှုအား ကြည့်ရှု၊ စစ်မှုထမ်း ဟောင်းအဖွဲ့ဝင်များနှင့် မိသားစုဝင်များအား တွေ့ဆုံ

ခိုလမ်မြို့ရှိ စစ်မှုထမ်းဟောင်း အိမ်ယာ တည်ဆောက်ပြီးစီးမှုအား ကြည့်ရှု၊ စစ်မှုထမ်း ဟောင်းအဖွဲ့ဝင်များနှင့် မိသားစုဝင်များအား တွေ့ဆုံ

နေပြည်တော်၊ ဖေဖော်ဝါရီ - ၂၀

            ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ခိုလမ်မြို့ရှိ စစ်မှုထမ်းဟောင်း အိမ်ယာ နှစ်ထပ်(၄) ခန်းတွဲများနှင့် လုံးချင်းအိမ်များ တည်ဆောက်ပြီးစီးမှု အခြေအနေများအား ယနေ့ နေ့လယ်ပိုင်းတွင် အရှေ့အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်  တိုင်းမှူး ဗိုလ်ချုပ် မျိုးမင်းထွန်း နှင့်အဖွဲ့ဝင်များက သွားရောက်ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက် ပေးသည်။

    ထို့နောက် တိုင်းမှူးနှင့် အဖွဲ့ဝင်များသည် စစ်မှုထမ်းဟောင်း အဖွဲ့ဝင်များနှင့် မိသားစုဝင်များအား သွားရောက်တွေ့ဆုံအမှာစကား ပြောကြားပြီး တင်ပြချက်များ အပေါ်လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။ယင်းနောက် တိုင်းမှူးက စစ်မှုထမ်းဟောင်း အဖွဲ့ဝင်များနှင့် မိသားစုဝင်များအတွက်  စားသောက်ဖွယ်ရာများနှင့် ထောက်ပံ့ငွေများ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။