(၂၉)ကြိမ်မြောက်တပ်မတော် (ကြည်း၊ ရေ၊ လေ) စစ်တီးဝိုင်းပြိုင်ပွဲ ဆက်လက်ကျင်းပ

(၂၉)ကြိမ်မြောက်တပ်မတော် (ကြည်း၊ ရေ၊ လေ) စစ်တီးဝိုင်းပြိုင်ပွဲ ဆက်လက်ကျင်းပ

နေပြည်တော် ဖေဖော်ဝါရီ ၂၀

        (၇၈)နှစ်မြောက် တပ်မတော်နေ့အထိမ်းအမှတ် (၂၉)ကြိမ်မြောက် တပ်မတော် (ကြည်း၊ ရေ၊ လေ)စစ်တီးဝိုင်းပြိုင်ပွဲ  (ခ)အဆင့်ပြိုင်ပွဲများကို ယနေ့ နံနက်ပိုင်းတွင် နေပြည်တော်ရှိ စစ်ကြောရေးနှင့်တည်းခိုရေးစခန်း စစ်ရေးပြကွင်း၌ ဆက်လက်ကျင်းပသည်။

        ယနေ့ နံနက်ပိုင်းပွဲစဉ်အဖြစ် (ခ)အဆင့်ပြိုင်ပွဲတွင် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် အမှတ်(၂)တပ်ခွဲ ကိုယ်စားပြုအသင်း၊ အ‌ရှေ့မြောက်တိုင်းစစ်ဌာနချုပ် အမှတ်(၁)တပ်ခွဲ ကိုယ်စားပြုအသင်း၊ အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် အမှတ်(၁)တပ်ခွဲ ကိုယ်စားပြု အသင်း ၊ အနာက်ပိုင်းတိုင်းစစ်ဌာနချုပ် အမှတ်(၃)တပ်ခွဲ ကိုယ်စားပြုအသင်း၊ အရှေ့အလယ် ပိုင်းတိုင်းစစ်ဌာနချုပ်အမှတ်(၂)တပ်ခွဲကိုယ်စားပြုအသင်း၊ တြိဂံဒေသတိုင်း စစ်ဌာနချုပ် အမှတ်(၂)တပ်ခွဲ ကိုယ်စားပြုအသင်း၊ အနောက်တောင်တိုင်း စစ်ဌာနချုပ် ကိုယ်စားပြုအသင်း တို့ ယှဉ်ပြိုင်ခဲ့ကြသည်။

        ထို့ပြင် ညနေပိုင်းတွင် (ခ)အဆင့်ပြိုင်ပွဲများ ဆက်လက်ကျင်းပရာ အမှတ်(၁၀၁) ခြေမြန်တပ်မဌာနချုပ် ကိုယ်စားပြုအသင်း၊ အမှတ်(၆၆) ခြေမြန်တပ်မဌာနချုပ် ကိုယ်စားပြု အသင်း၊ ကမ်းရိုးတန်းဒေသတိုင်း စစ်ဌာချုပ် အမှတ်(၁)တပ်ခွဲ ကိုယ်စားပြုအသင်းတို့ ယှဉ်ပြိုင် ခဲ့ကြသည်။

        အဆိုပါ ပြိုင်ပွဲယှဉ်ပြိုင်နေမှုများကို  တပ်မတော် (ကြည်း၊ ရေ၊ လေ) စစ်တီးဝိုင်းပြိုင်ပွဲ ကျင်းပရေးကော်မတီ ဥက္ကဋ္ဌ တွဲဖက်စစ်ရေးချုပ် ဗိုလ်ချုပ် ထိန်လင်း၊ တပ်မတော် အရာရှိကြီး များ၊ ဒိုင်အဖွဲ့ဝင်များ၊ ပြိုင်ပွဲဝင်အသင်းများနှင့် ဖိတ်ကြားထားသူများ ကြည့်ရှုအားပေးခဲ့ ကြောင်း သတင်းရရှိသည်။