မန္တလေးတိုင်းဒေသကြီးနှင့် မကွေးတိုင်းဒေသကြီးအတွင်းရှိ ဒေသခံပြည်သူများ အား ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေးခဲ့သည့် တပ်မတော် နယ်လှည့်အထူးဆေးကုသရေး အဖွဲ့ ပြန်လည်ရောက်ရှိ၊ ဒေသခံ ပြည်သူစုစုပေါင်း ၇၄၂၈ ဦးတို့အား ကျန်းမာရေး စောင့်ရှောက်မှု လု

မန္တလေးတိုင်းဒေသကြီးနှင့် မကွေးတိုင်းဒေသကြီးအတွင်းရှိ ဒေသခံပြည်သူများ အား ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေးခဲ့သည့် တပ်မတော် နယ်လှည့်အထူးဆေးကုသရေး အဖွဲ့ ပြန်လည်ရောက်ရှိ၊ ဒေသခံ ပြည်သူစုစုပေါင်း ၇၄၂၈ ဦးတို့အား ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေးနိုင်ခဲ့

နေပြည်တော်၊ ဖေဖော်ဝါရီ ၂၀

    မန္တလေးတိုင်းဒေသကြီးနှင့် မကွေးတိုင်းဒေသကြီးအတွင်းရှိ ကျေးရွာများမှ ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ် ငန်းများဆောင်ရွက်ပေး ရန်သွားရောက်ခဲ့သည့် ပါရဂူများ၊ ဆေးမှူးများနှင့် သူနာပြုများပါဝင်သော တပ်မတော် နယ်လှည့်အထူး ဆေးကုသရေးအဖွဲ့သည် ယနေ့နေ့လယ်ပိုင်းတွင် နေပြည်တော်သို့ ပြန်လည်ရောက်ရှိကြရာ ကာကွယ်ရေးဦးစီးချူပ်ရုံး(ကြည်း)မှ တွဲဖက်စစ်ရေးချုပ် ဗိုလ်ချုပ်လှမြင့်စိုး၊ ဆေးဝန်ထမ်းညွှန်ကြားရေးမှူးရုံး ညွှန်ကြား ရေးမှူးနှင့်တပ်မတော်အရာရှိကြီးများက ဇေယျာသီရိမြို့နယ်ရှိ တပ်မတော်ဆေးရုံ (ခုတင်-၁၀၀၀)၌ ကြိုဆိုနှုတ်ဆက်ကြသည်။

    ဂုဏ်ပြုကြိုဆိုပွဲတွင် ဆေးဝန်ထမ်းညွှန်ကြားရေးမှူးရုံး ညွှန်ကြားရေးမှူးက ဂုဏ်ပြု အမှာစကားပြောကြား၍ တပ်မတော်နယ်လှည့်အထူးဆေးကုသရေးအဖွဲ့ အား ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်ပြီး နေ့လယ်စာဖြင့် တည့်ခင်းဧည်ခံသည်။

    အဆိုပါတပ်မတော်နယ်လှည့်အထူး ဆေးကုသရေးအဖွဲ့တွင် ဆေးကုသမှု ပါရဂူ၊ ခွဲစိတ်ပါရဂူ၊ သားဖွားမီးယပ်ပါရဂူ၊ ကလေးပါရဂူ၊ အရိုးပါရဂူ၊ မျက်စိပါရဂူ၊ နား၊နှာခေါင်း၊လည်ချောင်းပါရဂူ၊ သွားပါရဂူ၊ မေ့ဆေးပါရဂူ၊ ရောဂါဗေဒပါရဂူ၊ ဓာတ်မှန်ပါရဂူ၊ ဆေးဝါးဗေဒပါရဂူ၊ ပြည်သူ့ကျန်းမာရေးပါရဂူများ၊ ဆေးမှူးများနှင့် သူနာပြုအရာရှိ၊ စစ်သည်များ ပါဝင်ပြီး အဆိုပါအဖွဲ့နှင့်အတူ ရွေ့လျားခွဲစိတ် ကုသယာဉ်၊ ရွေ့လျားဓာတ်မှန်ရိုက်ယာဉ်၊ ရွေ့လျားဓာတ်ခွဲခန်းယာဉ်နှင့် ရွေ့လျား သွားရောဂါ ခွဲစိတ်ကုသရေးယာဉ်တို့ ပါဝင်ကာ မန္တလေးတိုင်းဒေသကြီးနှင့် မကွေး တိုင်းဒေသကြီး အတွင်းရှိဒေသခံပြည်သူများအား ဖေဖော်ဝါရီ ၉ ရက်မှ ၁၉ ရက် အထိ လိုအပ်သည့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ခြင်း ဖြစ်သည်။

    ထိုသို့ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ရာ ဆေး ကုသမှုဆိုင်ရာရောဂါ ၁၉၆၃ ဦး၊ ခွဲစိတ်ရောဂါ ၅၈၅ ဦး၊ ကလေးရောဂါ ၃၁၈ ဦး၊ သားဖွားမီးယပ်ရောဂါ ၂၇၄ ဦး၊ အရိုးရောဂါ ၁၆၈၃ ဦး၊ နား၊ နှာခေါင်း၊ လည်ချောင်းရောဂါ ၃၅၁ ဦး၊ မျက်စိရောဂါ ၁၄၈၅ ဦး၊ သွားရောဂါ ၄၀၂ ဦးနှင့် အခြားရောဂါ ၃၆၇ ဦး အပါအဝင် ပြည်သူလူထုစုစုပေါင်း ၇၄၂၈ ဦးအား ကျန်း မာရေးစောင့်ရှောက်မှုပေးနိုင်ခဲ့ပြီး ၎င်းတို့အနက် မျက်စိခွဲစိတ်ကုသမှုလူနာ ၈၀ ဦး၊ အထွေထွေခွဲစိတ်ကုသမှုလူနာ ၃၇ ဦးတို့ကို ခွဲစိတ်ကုသမှုများ ဆောင်ရွက်ပေး နိုင်ခဲ့သည်။

      ထို့ပြင် ဓာတ်မှန်ရိုက်လူနာ ၄၉၅ ဦး၊ တယ်လီဗေးရှင်းဓာတ်မှန်ရိုက်လူနာ  ၅၅၇ ဦး၊ ECG စက်ဖြင့် နှလုံးစမ်းသပ်လူနာ ၅၂၈ ဦးနှင့် ဓာတ်ခွဲစမ်းသပ်မှုလူနာ ၇၂၃ ဦးတို့ကို ရောဂါရှာဖွေစမ်းသပ်ခြင်းများ ဆောင်ရွက်ပေးနိုင်ခဲ့ပြီး ဆေးရုံတက် ရောက်ကုသရန် လိုအပ်လျက်ရှိသည့် ဒေသခံပြည်သူ ၂၄၅ ဦးကို တပ်မတော်ဆေးရုံ များသို့ စနစ်တကျ လွှဲပြောင်းကုသမှုများ ဆောင်ရွက်ပေးခဲ့သည် ။

    တပ်မတော်အနေဖြင့် ပြည်သူလူထု၏ ကျန်းမာရေး၊ ပညာရေးနှင့် လူမှုစီးပွား ဖွံ့ဖြိုးတိုးတက်ရေးကို စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိရာ ယခုကဲ့သို့ တိုင်းရင်း သားပြည်သူများ၏ ကျန်းမာရေးကဏ္ဍအရှိန်အဟုန်မြှင့်တင်ရေးတွင် စဉ်ဆက် မပြတ် ဆက်လက်ဖြည့်ဆည်း ဆောင်ရွက်ပေးလျက်ရှိကြောင်း သတင်းရရှိသည်။