မော်လမြိုင်တက္ကသိုလ် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် အနုပညာအသင်းမှ ကြီးမှူးကျင်းပ သော လှယဉ်ကျေးမယ်နှင့် တိုင်းရင်းသားရိုးရာဝတ်စားဆင်ယင်မှုပြိုင်ပွဲ ပြုလုပ်

မော်လမြိုင်တက္ကသိုလ် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် အနုပညာအသင်းမှ ကြီးမှူးကျင်းပ သော လှယဉ်ကျေးမယ်နှင့် တိုင်းရင်းသားရိုးရာဝတ်စားဆင်ယင်မှုပြိုင်ပွဲ ပြုလုပ်

နေပြည်တော်၊ ဖေဖော်ဝါရီ - ၂၁

        မော်လမြိုင်တက္ကသိုလ် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ အနုပညာအသင်းမှ ကြီးမှူး ကျင်းပသော လှယဉ်ကျေးမယ်နှင့် တိုင်းရင်းသားရိုးရာဝတ်စားဆင်ယင်မှုပြိုင်ပွဲကို ယနေ့နံနက်ပိုင်းတွင် အဆိုပါတက္ကသိုလ် ခန်းမ၌ ပြုလုပ်ရာ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် မြတ်သက်ဦးနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဆရာ၊ ဆရာမများ၊ အနုပညာအသင်းများနှင့် ဖိတ်ကြား ထားသူများ တက်ရောက်ကြသည်။

        ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်က အမှာစကားပြောကြားသည်။ ထို့နောက် ပြည်နယ် ဝန်ကြီးချုပ်နှင့် တိုင်းမှူးတို့က ပြိုင်ပွဲအတွက် ဂုဏ်ပြုထောက်ပံ့ငွေများ ပေးအပ်ရာ မော်လမြိုင်တက္ကသိုလ်ပါမောက္ခချုပ် ဒေါက်တာအောင်မြတ်ကျော်စိန်က လက်ခံရယူပြီး ကျေးဇူးတင်စကားပြန်လည်ပြောကြားသည်။ ယင်းနောက် ကျောင်းသား၊ ကျောင်းသူ များ၏ လှယဉ်ကျေးမယ်ပြိုင်ပွဲနှင့် တိုင်းရင်းသားရိုးရာ ဝတ်စားဆင်ယင်မှုပြိုင်ပွဲ ယှဉ်ပြိုင်နေမှုများကို ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တက်ရောက်လာကြသူများက ကြည့်ရှုအားပေးခဲ့ကြပြီး ကျောင်းသား၊ ကျောင်းသူများအား ရင်းရင်းနှီးနှီးလိုက်လံ နှုတ်ဆက်ခဲ့ကြကြောင်း သတင်းရရှိသည်။