သထုံမြို့နယ်၌ PDF အမည်ခံအကြမ်းဖက်သမားများက ခရီးသွားမော်တော်ယာဉ်တစ်စီးအား မိုင်းဆွဲတိုက်ခိုက်ခဲ့သဖြင့် အပြစ်မဲ့ပြည်သူ အမျိုးသားတစ်ဦးသေဆုံး

သထုံမြို့နယ်၌ PDF အမည်ခံအကြမ်းဖက်သမားများက ခရီးသွားမော်တော်ယာဉ်တစ်စီးအား မိုင်းဆွဲတိုက်ခိုက်ခဲ့သဖြင့် အပြစ်မဲ့ပြည်သူ အမျိုးသားတစ်ဦးသေဆုံး

နေပြည်တော်၊ ဖေဖော်ဝါရီ ၂၁

            မွန်ပြည်နယ်၊ သထုံမြို့နယ်၌ အကြမ်းဖက်သမားများက ခရီးသွားမော်တော်ယာဉ်တစ်စီး အား မိုင်းဆွဲတိုက်ခိုက်၍ အပြစ်မဲ့ပြည်သူ အမျိုးသားတစ်ဦးသေဆုံးခဲ့သည်။

            ဖြစ်စဉ်မှာ ဖေဖော်ဝါရီလ ၂၀ ရက်နေ့ နံနက် ၇ နာရီခွဲအချိန်တွင် မွန်ပြည်နယ်၊ သထုံ မြို့နယ်၊ ကမာစိုင်ကျေးရွာ(ရွာသစ်)အနီး ရန်ကုန်-မော်လမြိုင်ကားလမ်း မိုင်တိုင်အမှတ် ၁၃၃ မိုင် ၆ ဖာလုံနှင့် ၇ ဖာလုံကြား၌ ပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ ဉီးနိုင်မင်းထွန်း(ခ)ဝက်ကလေး(၃၄)နှစ်သည်  Toyota Hilux အဖြူရောင် ယာဉ်ဖြင့် အဆိုပါလမ်း အတိုင်း ဟင်းသီးဟင်းရွက်များတင်ဆောင် မောင်းနှင်လာစဉ် အခင်းဖြစ်နေရာ အရောက်၌ PDF အမည်ခံအကြမ်းဖက်သမားများက မိုင်းဆွဲတိုက်ခိုက်ခဲ့သဖြင့် ပေါက်ကွဲမှုကြောင့် မော်တော်ယာဉ်၏ ယာဘက်ခြမ်းနှင့် ရှေ့လေကာမှန်တို့ မိုင်းစထိမှန်ပျက်စီးခဲ့ပြီး ဦးနိုင်မင်းထွန်း (ခ)ဝက်ကလေးတွင် မိုင်းစထိမှန်ဒဏ်ရာများရရှိကာ အခင်းဖြစ်နေရာ၌ သေဆုံးသွားခဲ့ကြောင်း သိရှိရသည်။

            ထိုသို့ ခရီးသွားမော်တော်ယာဉ်များအား မိုင်းဆွဲတိုက်ခိုက်၍ အပြစ်မဲ့ပြည်သူတစ်ဦးအား သေဆုံးစေခဲ့သူ အကြမ်းဖက်သမားများအား ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေးနှင့် နယ်မြေဒေသတည်ငြိမ်အေးချမ်းရေးအတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များက လုံခြုံရေးလုပ်ငန်းစဉ်များ နှင့်အညီ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။