၂၀၂၃ ခုနှစ်၊ (၇၈)နှစ်မြောက် တပ်မတော်နေ့အထိမ်းအမှတ်၊ တပ်မတော်(လေ)အဆင့် စစ်သည်တော်ကျင့်ဝတ်ပြိုင်ပွဲ ပြုလုပ်

၂၀၂၃ ခုနှစ်၊ (၇၈)နှစ်မြောက် တပ်မတော်နေ့အထိမ်းအမှတ်၊ တပ်မတော်(လေ)အဆင့် စစ်သည်တော်ကျင့်ဝတ်ပြိုင်ပွဲ ပြုလုပ်

နေပြည်တော်၊ ဖေဖော်ဝါရီ - ၂၂

          ၂၀၂၃ ခုနှစ်၊ (၇၈)နှစ်မြောက် တပ်မတော်နေ့အထိမ်းအမှတ်၊ တပ်မတော်(လေ) အဆင့် စစ်သည်တော် ကျင့်ဝတ်ပြိုင်ပွဲကို ယနေ့နံနက်ပိုင်းတွင် မိတ္ထီလာမြို့ရှိ နယ်မြေခံ လေတပ်စခန်းဌာနချုပ်၌ ပြုလုပ်ရာ ကာကွယ်ရေးဦးစီးချုပ်(လေ)ကိုယ်စား နယ်မြေခံ လေတပ်စခန်းဌာနချုပ်၊ ဌာနချုပ်မှူး ဗိုလ်မှူးချုပ် ဝင်းမောင်သိန်းနှင့် တာဝန်ရှိသူများက အရာရှိ၊ အရာခံ၊ အကြပ်အဆင့် ရေးဖြေဖြေဆိုမှုနှင့် တပ်သားအဆင့် နှုတ်ဖြေ ဖြေဆိုမှုများကို ကြည့်ရှုအားပေးကြသည်။

          အဆိုပါ စစ်သည်တော်ကျင့်ဝတ်ပြိုင်ပွဲကို အရာရှိ၊ အရာခံ၊ အကြပ်၊ တပ်သား စုစုပေါင်း ၁၂၂ ဦး ဝင်ရောက် ဖြေဆိုခဲ့ကြောင်း သတင်းရရှိသည်။