မာရဝိဇယရုပ်ပွားတော်မြတ်ကြီး တည်ထားကိုးကွယ်ရာတွင် အသုံးပြုနိုင်ရေးအတွက် အလှူငွေများ ပေးအပ်လှူဒါန်း

မာရဝိဇယရုပ်ပွားတော်မြတ်ကြီး တည်ထားကိုးကွယ်ရာတွင် အသုံးပြုနိုင်ရေးအတွက် အလှူငွေများ ပေးအပ်လှူဒါန်း

နေပြည်တော်၊ ဖေဖော်ဝါရီ - ၂၂

          မာရဝိဇယရုပ်ပွားတော်မြတ်ကြီး တည်ထားကိုးကွယ်ရာတွင် အသုံးပြုနိုင်ရေးအတွက် စေတနာရှင် အလှူရှင်များက အလှူငွေများ လှူဒါန်းခြင်းကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်တိုင်းစစ်ဌာနချုပ်၊ ဧည့်ခန်းမ၌ ပြုလုပ်ရာ နေပြည်တော်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ဇော်ဟိန်းနှင့် တာဝန်ရှိသူများ၊ အလှူရှင်နှင့် မိသားစုဝင်များ တက်ရောက်ကြသည်။

          ဦးစွာ အလှူရှင် စိန်လုံ(မ်)တောင်တန်းကျောက်မျက်ရတနာလီမိတက် မိသားစု ဝင်များဖြစ်သည့် ဦးရန်ချင်းစိန်၊ ဦးသိန်းအောင်၊ ဒေါ်ဇူးဟွမ်၊ ဦးလန်ပြင်းဆိုက်နှင့် ဒေါ်သန်းသန်းဆွေတို့က ကျောက်စာရုံစေတီ သုံးဆူအတွက် အလှူငွေကျပ် ၈၃၇ သိန်း နှင့် ပိဋကတ်(၃)ပုံ ကျမ်းစာအုပ်သုံးအုပ်အတွက် အလှူငွေကျပ် ၆၀ သိန်းတို့ကို ပေးအပ်လှူဒါန်းရာ တိုင်းမှူးက လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည် ပေးအပ်ကာ ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ကြောင်း သတင်းရရှိသည်။