မတူပီမြို့နယ်အတွင်း ယမ်းပြုလုပ်ရာတွင် အသုံးပြုသည့် ဆက်စပ်ပစ္စည်းများအား ဖမ်းဆီးရမိ

နေပြည်တော်  သြဂုတ်  ၉

ချင်းပြည်နယ်၊ မတူပီမြို့နယ်အတွင်း လုံခြုံရေးဆောင်ရွက်နေသော တပ်ဖွဲ့ဝင်များသည် မတူပီမြို့၏အနောက်ဘက် ၃၅ မိုင်ခန့်အကွာရှိ ဘွေလီတံတား၌ လူ၊ ယာဉ်ဖြတ်သန်းသွားလာမှုများအား စစ်ဆေးစဉ် ယနေ့နံနက် ၆ နာရီခွဲခန့်တွင် မတူပီမြို့ဘက်မှ ဆမီးမြို့ဘက်သို့ ဦးယန်ထွန်း(ဘ)ဦးပါဝင်း မောင်းနှင်လာသည့် ANBO-125အမျိုးအစား လိုင်စင်မဲ့ မော်တော်ဆိုင်ကယ်အား ရပ်တန့်စစ်ဆေးရာ ဆိုင်ကယ်တွင် အပြာရောင်ဆာလာအိတ်ဖြင့် ထုပ်ထားသော ယမ်းပြုလုပ်ရာတွင် အသုံးပြုသည့် အဖြူရောင်အမှုန့် ခဲတစ်ထုပ်လျှင် ၇၀ ကျပ်သားပါ ၁၂ ထုပ်၊ SUN  FLOWER တံဆိပ်ပါ သစ်သားမီးခြစ်ဘူး တစ်ထုပ်လျှင် ၁၀ ဘူးပါ ၁၀ ထုပ် (စုစုပေါင်း ခန့်မှန်းတန်ဖိုးငွေကျပ် ၁ သိန်းကျော်ခန့်) နှင့်အတူ ဖမ်းဆီးရမိခဲ့သည်။

အဆိုပါ ဖမ်းဆီးရမိသူနှင့် ကြီးကြပ်ကန့်သတ်ပစ္စည်းများအား တရားဥပဒေအရ ဆောင်ရွက်နိုင်ရေး မတူပီမြို့မ ရဲစခန်းသို့ စနစ်တကျ လွှဲပြောင်းအပ်နှံသွားမည် ဖြစ်ကြောင်း သတင်းရရှိသည်။