ဘွဲ့ရအမျိုးသမီး ဗိုလ်လောင်းလျှောက်လွှာများ အချိန်မီပြန်လည်တင်သွင်းရန် အသိပေးနှိုးဆော်ခြင်း

ဘွဲ့ရအမျိုးသမီး ဗိုလ်လောင်းလျှောက်လွှာများ အချိန်မီပြန်လည်တင်သွင်းရန် အသိပေးနှိုးဆော်ခြင်း

           ဘွဲ့ရအမျိုးသမီးဗိုလ်လောင်းလျှောက်လွှာများအား ၂၈-၁-၂၀၂၃ ရက်နေ့မှစ၍ တိုင်းစစ်ဌာနချုပ်များတွင် အခမဲ့ထုတ်ပေးလျက်ရှိရာ ၂၆-၂-၂၀၂၃ ရက်နေ့တွင် လျှောက်လွှာများ ပိတ်သိမ်းမည် ဖြစ်ပါသဖြင့် လျှောက်လွှာထုတ်ယူလိုသူများ နီးစပ်ရာတိုင်း စစ်ဌာနချုပ်များတွင် သွားရောက် ထုတ်ယူနိုင်ကြောင်းနှင့် လျှောက်လွှာထုတ်ယူထားသူများ အနေဖြင့်လည်း ဗိုလ်လောင်းလျှောက်လွှာများအား မိမိတို့လျှောက်လွှာ ထုတ်ယူရရှိသည့် တိုင်းစစ်ဌာနချုပ်များသို့ လျှောက်လွှာပိတ်ရက်မတိုင်မီ အချိန်မီ ပြန်လည်တင်သွင်းကြရန် အသိပေးနှိုးဆော်အပ်ပါသည်။ အသေးစိတ် သိရှိလိုပါက စစ်ရာထူးခန့်ချုပ်ရုံး(ဖုန်း၊ ၀၃၆-၃၀၃၃၁ နှင့် ၀၃၆-၃၀၃၃၈)သို့ ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ပါသည်။

စစ်ရာထူးခန့်ချုပ်ရုံး

ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)