ဒေါ့မွန်အသင်း လူငယ်တိုက်စစ်ကစားသမားအဒီယီမီ ကြွက်သားဒဏ်ရာကြောင့် ချယ်လ်ဆီးအသင်းနှင့် ကစားမည့် ဒုတိယအကျော့ပွဲစဉ်ကို လွဲချော်မည်

ဒေါ့မွန်အသင်း လူငယ်တိုက်စစ်ကစားသမားအဒီယီမီ ကြွက်သားဒဏ်ရာကြောင့် ချယ်လ်ဆီးအသင်းနှင့် ကစားမည့် ဒုတိယအကျော့ပွဲစဉ်ကို လွဲချော်မည်

ဒေ့ါမွန်အသင်းလူငယ်တိုက်စစ်ကစားသမား အဒီ ယီမီသည် ကြွက်သားဒဏ်ရာကြောင့် ရက်သတ္တသုံးပတ် ခန့်   အနားယူရမည်ဖြစ်သည့်အတွက်   ချယ်လ်ဆီး အသင်းနှင့်ကစားမည့် ချန်ပီယံလိဂ်ပြိုင်ပွဲ ၁၆ သင်း ရှုံးထွက်အဆင့်  ဒုတိယအကျော့ပွဲစဉ်အထိ  လွဲချော် မည်ဖြစ်ကြောင်း သိရသည်။

အသက် ၂၁ နှစ်အရွယ် အဒီယီမီသည် ယခုဘောလုံး ရာသီတွင်  ဒေါ့မွန်အသင်းနှင့်အတူ   အကောင်းဆုံး ခြေစွမ်းပြနေသူဖြစ်ပြီး   ဖေဖော်ဝါရီ   ၁၉ ရက်က ကစားသည့်    ဒေါ့မွန်အသင်းက    ဟာသာဘာလင် အသင်းကို ၄  ဂိုး- ၁ ဂိုးဖြင့်  အနိုင်ရရှိသည့်ပွဲစဉ်၌ ပွဲချိန်  ၃၅  မိနစ်တွင်  ကြွက်သားဒဏ်ရာရရှိခဲ့ခြင်း ဖြစ်သည်။

အဒီယီမီ၏ ဒဏ်ရာနှင့်ပတ်သက်ပြီး အသေးစိတ် စစ်ဆေးမှုများပြုလုပ်ရာတွင်   အနည်းဆုံးရက်သတ္တ သုံးပတ်နှင့် အများဆုံး လေးပတ်အထိအနားယူရမည့် အခြေအနေများကြောင့် ချယ်လ်ဆီးအသင်းနှင့်ကစား မည့် ဒုတိယအကျော့ပွဲစဉ်ကို လွဲချော်ဖွယ်ရှိနေခြင်း ဖြစ်သည်။

အဒီယီမီသည်  ယခုဘောလုံးရာသီ  ဂျာမန်ဘွန် ဒက်စ်လီဂါပြိုင်ပွဲတွင် ၁၆ ပွဲအထိပါဝင်ကစားခွင့်ရရှိထားပြီး   သုံးဂိုးသွင်းယူနိုင်ကာ   ဂိုးဖန်တီးမှုနှစ်ကြိမ် ပြုလုပ်ထားပြီး   ချယ်လ်ဆီးအသင်းနှင့်ကစားသည့် ပထမအကျော့ ပွဲစဉ်ကလည်း   ခြေစွမ်းပြကစား၍ အသင်းအတွက် တစ်လုံးတည်းသောအနိုင်ဂိုးသွင်းယူ ပေးနိုင်ခဲ့ကြောင်း သိရသည်။          

Ref;Bild