အာဖဂန်နစ္စတန်နိုင်ငံမြောက်ပိုင်းတွင် တောင်ပြိုမှုကြောင့် လေးဦးသေဆုံးပြီး လူနေအိမ် ၃၀ လုံးပျက်စီး

အာဖဂန်နစ္စတန်နိုင်ငံမြောက်ပိုင်းတွင် တောင်ပြိုမှုကြောင့် လေးဦးသေဆုံးပြီး လူနေအိမ် ၃၀ လုံးပျက်စီး

အာဖဂန်နစ္စတန်နိုင်ငံ   မြောက်ပိုင်းဘာဒက်ရှန်းပြည်နယ်တွင်  တောင်ပြိုမှုကြောင့် လူလေးဦးသေဆုံးပြီး နေအိမ် ၃၀ လုံးပျက်စီးသွားကြောင်း ပြည်နယ်အာဏာပိုင်အဖွဲ့က   ဖေဖော်ဝါရီ ၂၃ ရကတွင် ထုတ်ပြန်သည်။

တောင်ပြိုမှုသည် ဘာဒက်ရှန်းပြည်နယ်ကိုဖက်ခရိုင်တွင် ဖေဖော်ဝါရီ ၂၂ ရက်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ပြည်နယ်အစိုးရက သဘာဝဘေးဒဏ်သင့်ပြည်သူများအတွက် လူသားချင်းစာနာသည့် အကူအညီများ ပေးအပ်ခဲ့ကြောင်း ပြည်နယ်အစိုးရအဖွဲ့မှ သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲရေးနှင့် လူသားချင်းစာနာမှုဆိုင်ရာ ညွှန်ကြားရေးမှူးမော်လဝီမိုဟာမက်အာခရမ်အက်ဘာရီကပြောသည်။

အာဖဂန်နစ္စတန်တွင် ပြီးခဲ့သည့်လများအတွင်း  ဆီးနှင်းများဆိုးရွားစွာကျဆင်းမှု၊ ရာသီဥတုဆိုးရွားမှုနှင့် တောင်ပြိုမှုများဖြစ်ပွားခြင်းကြောင့်  ကလေးသူငယ်များအပါအဝင်စုစုပေါင်းလူ ၂၀၀ နီးပါးသေဆုံးခဲ့ပြီးဖြစ်သည်။ သေဆုံးသူများအနက်လူ  ၃၀ကျော်မှာ ဘာဒက်ရှန်းပြည်နယ်မှဖြစ်ကြောင်း သိရသည်။                  

Ref: BNN