အာရှ၏အကြီးဆုံး မောင်းသူမဲ့လေယာဉ်ပြပွဲကြီးကို တောင်ကိုရီးယားတွင်ကျင်းပ

အာရှ၏အကြီးဆုံး မောင်းသူမဲ့လေယာဉ်ပြပွဲကြီးကို တောင်ကိုရီးယားတွင်ကျင်းပ

အာရှဒေသ၏အကြီးဆုံးမောင်းသူမဲ့လေယာဉ်ပြပွဲကြီးကို တောင်ကိုရီးယားနိုင်ငံ ဘူဆန်မြို့တွင် ဖေဖော်ဝါရီ ၂၃ ရက်တွင် စတင်ဖွင့်လှစ်ပြသခဲ့ကြောင်း   မြို့တော်အာဏာပိုင်အဖွဲ့က ထုတ်ပြန်သည်။

အဆိုပါမောင်းသူမဲ့လေယာဉ်ပြပွဲကြီးကို ဘူဆန်ဆိပ်ကမ်းမြို့ရှိ  နထ့ငဘငအငသည ဃသညလနညအငသည တွင်ကျင်းပခဲ့ခြင်းဖြစ်ပြီး သုံးရက်ကြာပြသသွားမည်ဖြစ်သည်။

ယင်းပြပွဲတွင် နည်းပညာကုမ္ပဏီပေါင်း ၁၇၂ ခုမှ  ပြခန်းပေါင်း ၆၂၅ ခုကိုထုတ်ဖော်ပြသထားပြီး စက်မှုလုပ်ငန်းသုံးမောင်းသူမဲ့လေယာဉ်များအပါအဝင်  အမျိုးမျိုးသော မောင်းသူမဲ့လေယာဉ်ပုံစံများကိုပါ ပြသထားကြောင်း သိရသည်။

အဆိုပါ  မောင်းသူမဲ့လေယာဉ်ပြပွဲသို့ ကမ္ဘာ့နိုင်ငံအများအပြားမှ ကုမ္ပဏီများတက်ရောက်ခဲ့ပြီး   တရုတ်၊ ဂျပန်နှင့် ဆွစ်ဇာလန်နည်းပညာကုမ္ပဏီများလည်း တက်ရောက်ခဲ့သည်။

အာရှဒေသ၏ အကြီးဆုံးမောင်းသူမဲ့လေယာဉ်ပြပွဲကြီးကို တောင်ကိုရီးယားကုန်သွယ်ရေးနှင့်  စွမ်းအင်ဝန်ကြီး ဌာန၊ သိပ္ပံနှင့်ဆက်သွယ်ရေးနည်းပညာဝန်ကြီးဌာန၊   မြေယာအခြေခံအဆောက်အဦနှင့် သယ်ယူပို့ဆောင်ရေး ဝန်ကြီးဌာနနှင့် ကာကွယ်ရေးဝန်ကြီးဌာနတို့က ပူးပေါင်း၍ သတ္တမအကြိမ်ကျင်းပခြင်း ဖြစ်ကြောင်း သိရသည်။

Ref:CN