မြိတ်မြို့နယ်အတွင်း တရားမဝင်သစ်များဖမ်းဆီးရမိ

နေပြည်တော်  သြဂုတ်  ၉

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့နယ်အတွင်း လုံခြုံရေးဆောင်ရွက်နေသော တပ်ဖွဲ့ဝင်များသည် သြဂုတ် ၈ ရက် နံနက် ၅ နာရီခန့်တွင် မြိတ်မြို့၏အရှေ့ဘက် ၅ မိုင်အကွာရှိ ကမ်းသာယာကျေးရွာကမ်းစပ်၌ အလျား ၆၆ ပေ၊ အနံ ၁၂ ပေခန့်ရှိ တရားမဝင်သစ်ခိုး လှေတစ်စင်းပေါ်တွင် ဦးထွန်းနိုင်ဦး (ဘ) ဦးသိန်းနိုင်နှင့် ဦးကျော်နိုင် (ဘ) ဦးအောင်မျိုးတို့ နှစ်ဦးအား တောသစ်ခွဲသားဆိုဒ်စုံ ၁၄ တန်ခန့်နှင့်အတူ ဖမ်းဆီးရမိခဲ့သည်။

အဆိုပါ ဖမ်းဆီးရမိသူများနှင့် တရားမဝင်သစ်များအား မြိတ်မြို့သစ်တောဦးစီးဌာနသို့ စနစ်တကျ လွှဲပြောင်းအပ်နှံပြီး ဖြစ်ကြောင်း သတင်းရရှိသည်။