ကြက်၊ငှက်တုပ်ကွေးရောဂါကူးစက်ခံရမှုသည် စိုးရိမ်ရဟု ကမ္ဘာ့ကျန်းမာရေးအဖွဲ့ထုတ်ပြန်

ကြက်၊ငှက်တုပ်ကွေးရောဂါကူးစက်ခံရမှုသည် စိုးရိမ်ရဟု ကမ္ဘာ့ကျန်းမာရေးအဖွဲ့ထုတ်ပြန်

 

ကမ္ဘောဒီးယားနိုင်ငံရှိ မိသားစုတစ်စုတွင် လူနှစ်ဦး  ကြက်၊  ငှက်တုပ်ကွေးရောဂါကူးစက်ခံရပြီးနောက် ယင်းကူးစက်မှုသည် စိုးရိမ်ရသောကြောင့် ကမ္ဘောဒီးယားအစိုးရနှင့်  ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးက ဖေဖော်ဝါရီ၂၄ ရက်တွင် ထုတ်ပြန်လိုက်သည်။

ကမ္ဘောဒီးယားနိုင်ငံတွင်  H5N1 ကြက်၊ ငှက်တုပ်ကွေးရောဂါပိုးကူးစက်ခံရပြီးနောက်   အသက် ၁၁ နှစ်အရွယ်မိန်းကလေးငယ် တစ်ဦးသေဆုံးခဲ့ပြီးနောက် အစိုးရက၎င်းနှင့်ထိတွေ့ခဲ့သူ   လူ ၁၂ ဦးအားစစ်ဆေးလျက်ရှိသည်။ ထို့ပြင် ရောဂါပိုးကူးစက်ခံရပြီး   သေဆုံးသွားသည့် မိန်းကလေးငယ်၏ ဖခင်ဖြစ်သူမှာ ယခုအခါရောဂါပိုးကူးစက်ခံထားရသည့်  လက္ခဏာပြသလျက်ရှိပြီး ရောဂါပိုးကူးစက်ခံထားရပြီး ဖြစ်ကြောင်း  ကမ္ဘောဒီးယားအစိုးရက ဖေဖော်ဝါရီ ၂၃ ရက်တွင် အတည်ပြုထားသည်။

ထို့ကြောင့် ကမ္ဘာဒီးယားနှင့် ကမ္ဘာ့နိုင်ငံများတွင်ဖြစ်ပွားသည့်  H5N1 ကြက်၊ငှက်တုပ်ကွေးရောဂါပိုး ကူးစက်မှုသည် စိုးရိမ်ဖွယ်ကောင်းသည့် အခြေအနေတွင်   ရှိနေကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှ ကူးစက်ရောဂါကူးစက်မှု ကာကွယ်ရေးနှင့် ထိန်းချုပ်ပြင်ဆင်ရေး ညွှန်ကြားရေးမှူးရုံးမှ   အကြီးအကဲ    ဒေါက်တာဆီလ်ဗီဘရိုင်ယန်က  သတိပေးပြောကြားထားခြင်း ဖြစ်ကြောင်း   သိရသည်။

Ref:ST