ရန်လိုမှုနှင့်ရန်စမှုများကို စစ်ကြေညာခြင်းဖြစ်သည်ဟု မြောက်ကိုရီးယားက အမေရိကန်အား သတိပေးပြီး ဒုံးကျည်စမ်းသပ်မှုလုပ်ဆောင်

ရန်လိုမှုနှင့်ရန်စမှုများကို စစ်ကြေညာခြင်းဖြစ်သည်ဟု မြောက်ကိုရီးယားက အမေရိကန်အား သတိပေးပြီး ဒုံးကျည်စမ်းသပ်မှုလုပ်ဆောင်

ရန်လိုမှုနှင့် ရန်စမှုများကိုစစ်ကြေညာသည်ဟု  သဘောထားမည်ဖြစ်ကြောင်း အမေရိကန်အား  မြောက်ကိုရီးယားက သတိပေးလိုက်ပြီး Hwasal-2 အမျိုးအစား မဟာဗျူဟာမြောက် ခရုစ်ဒုံးကျည်လေးစင်း အား ဂျပန်ပင်လယ်အတွင်းသို့ ပစ်ခတ်စမ်းသပ်လိုက်ကြောင်း မြောက်ကိုရီးယား မီဒီယာတစ်ခုက ဖေဖော်ဝါရီ ၂၄ ရက်တွင်  ဖော်ပြသည်။

မြောက်ကိုရီးယားအစိုးရသည် ဒုံးကျည် စမ်းသပ်ပစ်ခတ်မှုကို နိုင်ငံ၏အရှေ့မြောက် ပိုင်းရှိ ကင်ချက်မြို့မှ ပစ်လွှတ်ခဲ့ခြင်းဖြစ်ပြီး  ယင်းစမ်းသပ်ပစ်ခတ်မှုသည် အမေရိကန်နှင့်  တောင်ကိုရီးယားတပ်ဖွဲ့များကြား ပူးပေါင်းစစ်ရေးလေ့ကျင့်မှုကို အမေရိကန်က အိမ်ရှင်အဖြစ်လက်ခံကျင်းပနေခြင်းနှင့်  တိုက်ဆိုင်လျက်ရှိသည်။ အမေရိကန်အစိုးရ သည် မြောက်ကိုရီးယားနိုင်ငံက အကြိမ်ကြိမ် သတိပေးနေသည့် သတိပေးချက်ကို လျစ်လျူ ရှုနေပြီး ယင်းသို့ လျစ်လျူရှုခြင်းကို မြောက်ကိုရီးယားအစိုးရက စစ်ကြေညာခြင်းဖြစ် သည်ဟု ယူဆရမည် ဖြစ်ကြောင်း နိုင်ငံပိုင် KCNA သတင်းအေဂျင်စီက  ထုတ်ပြန်သည်။

အမေရိကန်၊ ဂျပန်နှင့် တောင်ကိုရီးယား တပ်ဖွဲ့များသည် ပူးပေါင်းစစ်ရေးလေ့ကျင့်မှု များကို ဂျပန်ပင်လယ် အတွင်း ဖေဖော်ဝါရီ ၂၂ ရက်တွင်စတင်လုပ်ဆောင်ခဲ့ပြီး ယင်း စစ်ရေးလေ့ကျင့်မှုများတွင် Aegis လက်နက် စနစ်များတပ်ဆင်ထားသည့် ဖျက်သင်္ဘော သုံးစင်းပါဝင်ခဲ့ကြောင်း သိရသည်။

 

                    Ref:Sputnik