အမေရိကန်က အနိုင်ကျင့်သည့်အပြုအမူကိုသာဖော်ပြလျက်ရှိဟု တရုတ်ပြောကြား

အမေရိကန်က အနိုင်ကျင့်သည့်အပြုအမူကိုသာဖော်ပြလျက်ရှိဟု တရုတ်ပြောကြား

အမေရိကန်ပြည်ထောင်စုသည် အမှန်တရားကို  နားထောင်သည့်အလေ့အကျင့်မရှိဘဲ  အနိုင်ကျင့်သည့် အပြုအမူကိုသာ ဖော်ပြလျက်ရှိကြောင်း တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာနမှပြောရေးဆိုခွင့်ရှိသူ ဝမ်ဝမ်ပင်းက ဖေဖော်ဝါရီ ၂၄ရက်တွင်ပြောကြားသည်။

အမေရိကန်အစိုးရသည် ၎င်းတို့ရင်ဆိုင်နေရသည့် ပြဿနာများကို ရင်ဆိုင်လိုခြင်းမရှိဘဲ ဗိုလ်ကျလွှမ်းမိုးရန်သာ ကြိုးပမ်းလျက်ရှိကြောင်း ဝမ်ဝမ်ပင်းက တရုတ်နိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်  နီကိုလပ်ဘန်း၏ တရုတ်နိုင်ငံနှင့် စပ်လျဉ်း၍ ပြောဆိုချက်ကိုကိုးကား၍   ပြောကြားခြင်းဖြစ်သည်။

အမေရိကန်အစိုးရသည် ယခုလအစောပိုင်းက  တောင်ကာရိုလိုင်းနားပြည်နယ်တွင်ပစ်ချခံရသည့် မိုးပျံပူဖောင်းနှင့်သက်ဆိုင်သည့်သတင်းအချက်ကို   တရုတ်နိုင်ငံသို့မျှဝေပေးရန် တောင်းဆိုချက်ကို ငြင်းဆိုထားပြီး  ယင်းမိုးပျံပူဖောင်းသည်  တရုတ်နိုင်ငံမှလွှတ်တင်လိုက်သည့် ထောက်လှမ်းရေး မိုးပျံပူဖောင်း ဖြစ်သည်ဟု အမေရိကန်အစိုးရက စွပ်စွဲထားသည်။

ထိုသို့စွပ်စွဲခြင်းသည် အင်အားကြီး နိုင်ငံတစ်နိုင်ငံ၏  ဆောင်ရွက်ချက်မျိုးမဟုတ်ကြောင်း၊    အမေရိကန် အစိုးရအနေဖြင့် အနိုင်ကျင့်ဗိုလ်ကျရန်   ကြိုးပမ်းခြင်းကို ရှောင်ရှားပြီး အခြားနိုင်ငံများ၏အချုပ်အခြာ၊ အာဏာကို လေးစားသင့်ကြောင်း တရုတ်အစိုးရက တုံ့ပြန်ပြောကြားခဲ့ကြောင်း သိရသည်။            

 Ref: ST, Xinhua