သိန်းနီမြို့ရှိ စော်ဘွားကြီး ခွန်ဆန်တုန်ဟုန်း၏ ဟော်နန်းတော်(သိန်းနီဟော်နန်း) ပြန်လည် တည်ဆောက်ခြင်း လုပ်ငန်းများအား ကြည့်ရှုစစ်ဆေး

သိန်းနီမြို့ရှိ စော်ဘွားကြီး ခွန်ဆန်တုန်ဟုန်း၏ ဟော်နန်းတော်(သိန်းနီဟော်နန်း) ပြန်လည် တည်ဆောက်ခြင်း လုပ်ငန်းများအား ကြည့်ရှုစစ်ဆေး

နေပြည်တော်၊ ဖေဖော်ဝါရီ - ၂၅

          နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ၏ လမ်းညွှန်မှုဖြင့် ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ သိန်းနီမြို့ရှိ စော်ဘွားကြီး ခွန်ဆန်တုန်ဟုန်း ၏ ဟော်နန်းတော်(သိန်းနီဟော်နန်း)အား ပြန်လည်တည်ဆောက်လျက်ရှိရာ ဖေဖော်ဝါရီ ၂၄ ရက် နံနက်ပိုင်းတွင် အရှေ့မြောက်တိုင်း စစ်ဌာနချုပ် တိုင်းမှူးဗိုလ်ချုပ်နိုင်နိုင်ဦးနှင့် အဖွဲ့ဝင်များက လားရှိုးမြို့နှင့် သိန်းနီမြို့ရှိ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ဟော်နန်းပြန်လည်တည်ဆောက်မှု ပူးပေါင်းရွက်ရေး ကော်မတီအဖွဲ့ဝင် များနှင့်အတူ သွားရောက်ကြည့်ရှုစစ်ဆေးသည်။

          ဦးစွာ ဟော်နန်းပြည်လည်တည်ဆောက်မှု ပူးပေါင်းရွက်ရေး ကော်မတီဥက္ကဋ္ဌ ဦးစိုင်းမျိုးညွန့်နှင့် တာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်မှုအခြေအနေများကို ရှင်းလင်းတင်ပြကြသည်။ ထို့နောက် လားရှိုးမြို့နှင့် သိန်းနီမြို့တို့ရှိ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် သိန်းနီမြို့ မြို့မိ/မြို့ဖများက အကြံပြု ဆွေးနွေးတင်ပြကြရာ တိုင်းမှူးက လိုအပ်သည်များ မှာကြားသည်။ ယင်းနောက် တိုင်းမှူးနှင့် အဖွဲ့ဝင်များ သည် သိန်းနီဟော်နန်း ပြန်လည်တည်ဆောက်နေမှုများအား လိုက်လံကြည့်ရှုစစ်ဆေး ပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြကြောင်း သတင်းရရှိသည်။