ပညာရေးဒီဂရီကောလိပ်ကျောင်းပေါင်းစုံ အားကစားပွဲတော်တွင် ဆုရရှိခဲ့သည့် လားရှိုးမြို့ရှိ ပညာရေးဒီဂရီကောလိပ်မှ အားကစားသမားများအား ဂုဏ်ပြုကြိုဆို၊ ဆုများချီးမြှင့်ပေးအပ်

ပညာရေးဒီဂရီကောလိပ်ကျောင်းပေါင်းစုံ အားကစားပွဲတော်တွင် ဆုရရှိခဲ့သည့် လားရှိုးမြို့ရှိ ပညာရေးဒီဂရီကောလိပ်မှ အားကစားသမားများအား ဂုဏ်ပြုကြိုဆို၊ ဆုများချီးမြှင့်ပေးအပ်

နေပြည်တော်၊ ဖေဖော်ဝါရီ - ၂၆

          ပညာရေးဒီဂရီကောလိပ်ကျောင်းပေါင်းစုံ အားကစားပွဲတော်တွင် ဆုရရှိခဲ့သည့် ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့ရှိ ပညာရေးဒီဂရီကောလိပ်မှ အောင်ပွဲရ အားကစားသမားများအား ဂုဏ်ပြုကြိုဆိုခြင်းနှင့် ဆုများချီးမြှင့်ခြင်းကို ဖေဖော်ဝါရီ ၂၅ ရက် နံနက်ပိုင်းတွင် အဆိုပါ ပညာရေးဒီဂရီကောလိပ်၌ ပြုလုပ်ရာ အရှေ့မြောက် တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် နိုင်နိုင်ဦးနှင့် အဖွဲ့ဝင်များ၊ ရှမ်းပြည်နယ်အစိုးရ အုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမျိုးကျော်၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ကျောင်းအုပ် ဆရာမကြီးနှင့် ဆရာ၊ ဆရာမများ၊ ပြိုင်ပွဲဝင် အားကစားသမားများနှင့် ဖိတ်ကြားထား သူများ တက်ရောက်ကြသည်။

          ဦးစွာ ပညာရေးဒီဂရီကောလိပ် ကျောင်းပေါင်းစုံ အားကစားပွဲတော်မှ ပြန်လည် ရောက်ရှိလာသည့် လားရှိုးမြို့ရှိ ပညာရေးဒီဂရီကောလိပ်မှ အောင်ပွဲရ အားကစား သမားများအား ကျောင်းသား၊ ကျောင်းသူများက အကအလှများဖြင့် ဂုဏ်ပြုကြိုဆိုကြ သည်။

ထို့နောက် တိုင်းမှူးနှင့် တာဝန်ရှိသူများက ပညာရေးဒီဂရီကောလိပ်ကျောင်း ပေါင်းစုံ အားကစားပွဲတော်တွင် တံခွန်စိုက်ဒိုင်းဆု ရရှိခဲ့သော အမျိုသမီးဘော်လီဘော အသင်းနှင့် တစ်ဦးချင်းဆုတံဆိပ်ရရှိခဲ့သော အားကစားသမားများအား ဂုဏ်ပြုချီးမြှင့် ငွေများပေးအပ်ရာ ဆုရအားကစားသများက အသီးသီး လက်ခံရယူကြသည်။ ယင်းနောက် တိုင်းမှူးနှင့်  တက်ရောက်လာကြသူများသည် အားကစားသမားများနှင့် အတူ အမှတ်တရ စုပေါင်းဓာတ်ပုံများ ရိုက်ကြပြီး အားကစား သမားများအား ရင်းရင်း နှီးနှီးလိုက်လံ နှုတ်ဆက်ခဲ့သည်။

          အဆိုပါ ပညာရေးဒီဂရီကောလိပ်ကျောင်းပေါင်းစုံ အားကစားပြိုင်ပွဲတွင် လားရှိုး မြို့ရှိ ပညာရေးဒီဂရီကောလိပ်အနေဖြင့် အမျိုးသမီးဘော်လီဘော တံခွန်စိုက်ဒိုင်းဆု ၁ ဆု၊ အမျိုးသမီးတန်းမြှင့်ခုန် ရွှေတံဆိပ်ဆု ၁ ဆု၊ အမျိုးသမီးသံပြားဝိုင်းပစ် ငွေတံဆိပ်ဆု ၁ ဆုနှင့် အမျိုးသမီးသံလုံးပစ် ကြေးတံဆိပ်ဆု ၁ ဆုတို့အား အသီးသီး ဆွတ်ခူးနိုင်ခဲ့ ကြောင်း သတင်းရရှိသည်။