နှစ်နိုင်ငံကြားပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရေးတွင် အဓိကအခန်းကဏ္ဍမှ ပါဝင်ခဲ့သည့် တူကီယဲသမ္မတ အယ်ဒိုဂန်အား ပူတင်ချီးမွမ်း

နှစ်နိုင်ငံကြားပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရေးတွင် အဓိကအခန်းကဏ္ဍမှ ပါဝင်ခဲ့သည့် တူကီယဲသမ္မတ အယ်ဒိုဂန်အား ပူတင်ချီးမွမ်း

ရုရှားနှင့်တူကီယဲနှစ်နိုင်ငံကြားပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရေးတွင် အဓိကအခန်းကဏ္ဍမှပါဝင်ခဲ့သည့် တူကီယဲသမ္မတရီဆပ်တေယစ်အယ်ဒိုဂန်အား ရုရှားသမ္မတဗလာဒီမာပူတင်က ဖေဖော်ဝါရီ ၂၆  ရက်တွင်ချီးမွမ်းလိုက်ကြောင်း သိရသည်။

နှစ်နိုင်ငံကြား   ချစ်ကြည်ရင်းနှီးသည့် ဆက်ဆံရေးနှင့်အပြုသဘောဆောင်သော ပူးပေါင်းဆောင်ရွက်မှုများ မြှင့်တင်ရေးတွင် အဓိကအခန်းကဏ္ဍမှပါဝင်ခဲ့သည့် တူကီယဲသမ္မတ၏ ဆောင်ရွက်မှုအားရုရှားနိုင်ငံက ကျေးဇူးတင်ရှိပြီး  အလေးထားကြောင်း အယ်ဒိုဂန်၏မွေးနေ့အတွက်  ပေးပို့သည့် သဝဏ်လွှာတွင်  ပူတင်ကရေးသားခဲ့ခြင်း ဖြစ်ကြောင်း ရုရှားသမ္မတရုံးဝက်ဆိုက်တွင် ဖော်ပြသည်။

ထို့ပြင် ရုရှားနှင့်တူကီယဲနှစ်နိုင်ငံစလုံးသည် ဒေသတွင်းနှင့် ကမ္ဘာလုံးဆိုင်ရာအရေးကြီးသော ကိစ္စရပ်များအားဖြေရှင်းရာတွင် ဆက်လက်ပူးပေါင်းဆောင်ရွက်နိုင်မည်ဟု ရုရှားနိုင်ငံကယုံကြည်ထားကြောင်း သမ္မတပူတင်ကပေးပို့သည့်သဝဏ်လွှာတွင် ဖော်ပြထားသည်။

တူကီယဲနိုင်ငံသည် ရုရှား၏ဆက်ဆံရေး ကောင်းမွန်လျက်ရှိသည့်နိုင်ငံတစ်နိုင်ငံဖြစ်ပြီး လက်ရှိတွင်ရုရှားနိုင်ငံမှ စွမ်းအင်အရင်းအမြစ်များကို ဝယ်ယူနေသည့်အပြင် ကာကွယ် ရေးကဏ္ဍတွင်လည်း ပူးပေါင်းဆောင်ရွက် လျက်ရှိကြောင်း သိရသည်။

Ref:Sputnik