မြို့ခံပြိုင်ဘက် စပါးအသင်းကို ရှုံးနိမ့်ပြီးနောက် ချယ်လ်ဆီးအသင်းနည်းပြ ဂရေဟမ်ပေါ်တာ၏ အနာဂတ် ပိုမိုလှုပ်ခတ်လာ

မြို့ခံပြိုင်ဘက် စပါးအသင်းကို ရှုံးနိမ့်ပြီးနောက် ချယ်လ်ဆီးအသင်းနည်းပြ ဂရေဟမ်ပေါ်တာ၏ အနာဂတ် ပိုမိုလှုပ်ခတ်လာ

လန်ဒန်ဒါဘီပွဲစဉ်အဖြစ်ကစားသည့် စပါးအသင်းနှင့် ချယ်လ်ဆီးအသင်းတို့ပွဲစဉ်တွင် ချယ်လ်ဆီးအသင်း က စပါးအသင်းကို ၂ ဂိုး-ဂိုးမရှိဖြင့် ရှုံးနိမ့်ပြီးနောက် ချယ်လ်ဆီးအသင်းနည်းပြ      ဂရေဟမ်ပေါ်တာ၏ အနာဂတ်မှာ  ပိုမိုလှုပ်ခတ်လာပြီး   ထုတ်ပယ်ခံရရန် နီးစပ်လျက်ရှိကြောင်း သိရသည်။

ချယ်လ်ဆီးအသင်းသည်   နောက်ဆုံးကစားသည့် ၁၁ ပွဲတွင် ခရစ္စတယ်ပဲလေ့စ်အသင်းတစ်သင်းတည်း သာအနိုင်ရရှိပြီး    ခြောက်ပွဲအထိရှုံးနိမ့်ကာ   ငါးပွဲသရေရလဒ် ထွက်ပေါ်ခဲ့သကဲ့သို့ အသင်းတိုက်စစ်ပိုင်း မှာလည်း နောက်ဆုံးကစားသည့် ငါးပွဲတွင် တစ်ဂိုးသာ သွင်းယူနိုင်ခဲ့ခြင်း ဖြစ်သည်။

ယခုဘောလုံးရာသီတွင် အသင်းပိုင်ရှင် တော့ဘိုလီက ချယ်လ်ဆီးအသင်းကို ပိုင်ဆိုင်ခဲ့ပြီးနောက် နည်းပြတူချယ်လ်ကို ရာထူးမှထုတ်ပယ်ကာ နည်းပြသစ်အဖြစ် ဂရေဟမ်ပေါ်တာကိုခန့်အပ်ခဲ့ပြီး    အပြောင်းအရွှေ့ ကာလများတွင်လည်း ငွေကြေးများစွာ ရင်းနှီးမြှုပ်နှံ၍    ထိပ်တန်းကစားသမားများ ခေါ်ယူအင်အား ဖြည့်တင်းထားသော်လည်း လက်ရှိအချိန်ထိ ရုန်းကန်နေရခြင်း ဖြစ်သည်။

အစောပိုင်းက ချယ်လ်ဆီးအသင်းပိုင်ရှင် ဦးဆောင်သည့်  ဘုတ်အဖွဲ့က နည်းပြ  ဂရေဟမ်ပေါ်တာကို ဆက်လက်ယုံကြည်ပြီး ထောက်ခံသည်ဟု   ပြောကြား ထားသော်လည်း  ယခုအခါ  နည်းပြအပြောင်းအလဲ ပြုလုပ်ရန် စတင်ပြင်ဆင်နေပြီ ဖြစ်ကြောင်း သိရသည်။

Ref:Telegraph