Yonex German Open 2023 ကြက်တောင်ပြိုင်ပွဲ၌ မြန်မာကြက်တောင်မယ် သက်ထားသူဇာ ဝင်ရောက်ယှဉ်ပြိုင်မည်

Yonex German Open 2023 ကြက်တောင်ပြိုင်ပွဲ၌ မြန်မာကြက်တောင်မယ် သက်ထားသူဇာ ဝင်ရောက်ယှဉ်ပြိုင်မည်

မြန်မာကြက်တောင်မယ် သက်ထားသူဇာသည် ယခုနှစ်တွင် ပထမဆုံး ဥရောပပြိုင်ပွဲအဖြစ် မတ်လအတွင်းကျင်းပမည့့် Yonex German Open 2023 ကြက်တောင်ပြိုင်ပွဲ၌ ဝင်ရောက်ယှဉ်ပြိုင်မည် ဖြစ်ကြောင်း သိရသည်။

Yonex German Open 2023 ကြက်တောင်ပြိုင်ပွဲကို မတ် ၇ ရက်မှ ၁၂ ရက်အထိ ဂျာမနီနိုင်ငံ၌ ကျင်းပမည်ဖြစ်ပြီး အဆိုပါပြိုင်ပွဲသည် သက်ထားသူဇာ၏ ပထမဆုံး ဥရောပအဆင့်ပြိုင်ပွဲ ဖြစ်လာမည် ဖြစ်သည်။

ကမ္ဘာ့ကြက်တောင် အဖွဲ့ချုပ်က ယခုနှစ်အတွင်း စီနီယာကစားသမားများအတွက် ပြိုင်ပွဲ ၁၀ ခု ကျင်းပမည်ဖြစ်ရာ Yonex German Open 2023 ကြက်တောင်ပြိုင်ပွဲလည်း  တစ်ခုအပါအဝင်ဖြစ်ပြီး   ပြိုင်ပွဲ ခြောက်ခုကို ဥရောပ၌ ကျင်းပမည်ဖြစ်ကာ အဆိုပါပြိုင်ပွဲတချို့ကို  သက်ထားသူဇာ ဝင်ရောက် ယှဉ်ပြိုင်မည်ဖြစ်သည်။

သက်ထားသူဇာသည်  Yonex German Open 2023 ကြက်တောင်ပြိုင်ပွဲ၌ လက်ရည်စစ်အဆင့်မှ စတင်ယှဉ်ပြိုင်ရမည်ဖြစ်ကြောင်း သိရသည်။  

သက်ထားသူဇာသည်    ယခုနှစ်တွင် ပထမဆုံးပြိုင်ပွဲအဖြစ်   ဇန်နဝါရီလက ထိုင်းနိုင်ငံ၌ကျင်းပသည့်    ထိုင်းမာစတာ ကြက်တောင်ပြိုင်ပွဲ၌ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ပထမအဆင့်မှပင် ထွက်ခွာခဲ့ရကြောင်း  သိရသည်။                

စည်သူအောင်