တူကီယဲ၌ အင်အားအသင့်အတင့်ရှိ ငလျင်တစ်ခုလှုပ်ခတ် တစ်ဦးသေဆုံးကာ ၆၉ ဦးဒဏ်ရာရ

တူကီယဲ၌ အင်အားအသင့်အတင့်ရှိ ငလျင်တစ်ခုလှုပ်ခတ် တစ်ဦးသေဆုံးကာ ၆၉ ဦးဒဏ်ရာရ

တူကီယဲနိုင်ငံ၌ ဖေဖော်ဝါရီ ၂၇ ရက်

တွင် အင်အားအသင့်အတင့်ရှိ ငလျင်တစ်ခုလှုပ်ခတ်ရာ လူတစ်ဦးသေဆုံးပြီး ၆၉ ဦး ဒဏ်ရာရရှိကြောင်း သိရသည်။

အဆိုပါငလျင်သည်    တူကီယဲနှင့်ဆီးရီးယားတို့တွင် လူပေါင်း ၄၇၀၀၀ ကျော်သေဆုံးစေသည့် အင်အားပြင်းငလျင်ကြီး တစ်ခုလှုပ်ခတ်ပြီးနောက်   သီတင်းပတ်သုံးပတ်အကြာ၌ လှုပ်ခတ်ခြင်း ဖြစ်သည်။

ယခုလှုပ်ခတ်သည့်ငလျင်သည် ပြင်းအား ၅ ဒသမ ၆ ရစ်ချတာစကေးရှိပြီး ယခင်အင်အားပြင်း ငလျင်လှုပ်ခတ်မှုဒဏ်ကို အဆိုးဆုံးခံစားရသည့် နေရာတစ်ခုဖြစ်သော မာလတ်ယာပြည်နယ်ရှိ ယဲဆီယာ့ခရိုင်ကို ဗဟိုပြုလှုပ်ခတ်ခြင်းဖြစ်သည်။

ယခင်အင်အားပြင်းငလျင်လှုပ်မှုကြောင့် ပြိုလုပြိုခင်ဖြစ်နေသည့် အဆောက်အဦ ၂၅ လုံးမှာ ယခုငလျင်တွင်ပြိုကျသွားကြောင်း သဘာဝဘေးနှင့်   အရေးပေါ်စီမံခန့်ခွဲမှုအာဏာပိုင်အဖွဲ့က ထုတ်ပြန်ထားသည်။

တူကီယဲနိုင်ငံတောင်ပိုင်း၌ ဖေဖော်ဝါရီ ၆ ရက်က ပြင်းအား ၇ ဒသမ ၈ ရစ်ချတာစကေးရှိ  အင်အားပြင်းငလျင်လှုပ်ခတ်မှုပြီးနောက် ဖေဖော်ဝါရီ ၂၀ ရက်တွင် ပြင်းအား ၆ ဒသမ ၄ ရစ်ချတာစကေးရှိ ငလျင်တစ်ခုထပ်မံလှုပ်ခတ်ရာ လူခြောက်ဦးသေဆုံးခဲ့ကြောင်း သိရသည်။    

Ref: Xinhua