ဘွဲ့ရအမျိုးသမီးဗိုလ်လောင်းလျှောက်လွှာများ ထုတ်ယူ/တင်သွင်းခြင်းနှင့်ပတ်သက်၍ ရက်တိုးမြှင့် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း အသိပေးခြင်း

ဘွဲ့ရအမျိုးသမီးဗိုလ်လောင်းလျှောက်လွှာများ ထုတ်ယူ/တင်သွင်းခြင်းနှင့်ပတ်သက်၍ ရက်တိုးမြှင့် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း အသိပေးခြင်း

            ဘွဲ့ရအမျိုးသမီးဗိုလ်လောင်း လျှောက်လွှာများအား တိုင်းစစ်ဌာနချုပ်များတွင်၂၈-၁-၂၀၂၃ ရက်နေ့မှစ၍ ထုတ်ပေးလျက်ရှိရာ ၂၆-၂-၂၀၂၃ ရက်နေ့တွင်  လျှောက်လွှာများ ပိတ်သိမ်းမည်ဖြစ်ကြောင်း  အသိပေး ကြော်ငြာထားရှိပြီးဖြစ်သော်လည်း လျှောက်လွှာထုတ်ပေး/တင်သွင်းခြင်းကို ၅-၃-၂၀၂၃ ရက်နေ့အထိ ရက်တိုးမြှင့် ဆောင်ရွက်ပေးသွားမည်ဖြစ်၍ လျှောက်လွှာ ထုတ်ယူလိုသူများအနေဖြင့် နီးစပ်ရာ တိုင်းစစ်ဌာနချုပ်များတွင် ဗိုလ်လောင်းလျှောက်လွှာများအား ဆက်လက် ထုတ်ယူ/တင်သွင်းခြင်းများ ဆောင်ရွက်နိုင်ကြောင်း အသိပေးအပ်ပါသည်။