မင်္ဂလာဒုံမြို့နယ်ရှိ တပ်မတော်ဆေးရုံကြီး ခုတင်(၁၀၀၀)၌ ဆေးရုံတက်ရောက်ကုသ မှုခံယူလျက်ရှိသော ဗန်းမော်ဆရာတော်ဘုရားကြီးအား သွားရောက်ဖူးမြော်၊ အလှူငွေ နှင့် လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်း

မင်္ဂလာဒုံမြို့နယ်ရှိ တပ်မတော်ဆေးရုံကြီး ခုတင်(၁၀၀၀) ဆေးရုံတက်ရောက်ကုသ မှုခံယူလျက်ရှိသော ဗန်းမော်ဆရာတော်ဘုရားကြီးအား သွားရောက်ဖူးမြော်၊ အလှူငွေ နှင့် လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်း

နေပြည်တော်၊ မတ် -

          ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်ရှိ တပ်မတော်ဆေးရုံကြီး ခုတင် (၁၀၀၀)၌ ဆေးရုံတက်ရောက်ကုသမှု ခံယူလျက်ရှိသော နိုင်ငံတော်သံဃမဟာနာယက အဖွဲ့ ဥက္ကဋ္ဌ မန္တလေးမြို့၊ ဗန်းမော်ကျောင်းတိုက်ဆရာတော် အဘိဓဇမဟာရဋ္ဌဂုရု အဘိဓဇ အဂ္ဂမဟာသဒ္ဓမ္မဇောတိက ဒေါက်တာ ဘဒ္ဒန္တ ကုမာရာဘိဝံသ အား ယနေ့ နံနက်ပိုင်းတွင် ရန်ကုန်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ညွန့်ဝင်းဆွေနှင့် တာဝန် ရှိသူများက သွားရောက်ဖူးမြော် ကြည်ညိုကြသည်။

          ဦးစွာ တိုင်းမှူးနှင့် တာဝန်ရှိသူများက ဆရာတော်ကြီး၏ ကျန်းမာရေးအခြေ အနေများကို မေးမြန်းလျှောက်ထားသည်။ ထို့နောက် တိုင်းမှူးနှင့် တာဝန်ရှိသူများက ဆရာတော်ကြီးအား အလှူငွေနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများအား ဆက်ကပ် လှူဒါန်းခဲ့ကြ ကြောင်း သတင်းရရှိသည်။