အောင်မြေသာစံမြို့နယ်နှင့် သာစည်မြို့နယ်တို့၌ သံဃာတော်များနှင့် ဒေသခံပြည်သူ များအား  ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်

အောင်မြေသာစံမြို့နယ်နှင့် သာစည်မြို့နယ်တို့၌ သံဃာတော်များနှင့် ဒေသခံပြည်သူ များအား  ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်

နေပြည်တော်၊ မတ် -

     မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံမြို့နယ်၊ နိုင်ငံတော် ပရိယတ္တိ သာသနာ့ တက္ကသိုလ်(မန္တလေး)မှ သံဃာတော်များအား အဆိုပါတက္ကသိုလ်၌ လည်းကောင်း၊ သာစည်မြို့နယ်၊ လှိုင်းတက်ကျေးရွာရှိ သံဃာတော်များ၊ သာသနာနွယ်ဝင်သီလရှင် များနှင့် ဒေသခံပြည်သူများအား အဆိုပါကျေးရွာရှိ ညောင်ပင်သာဘုန်းတော်ကြီး ကျောင်း၌လည်းကောင်း ယနေ့တွင် အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်၊ နယ်မြေခံ ဆေးကုသရေး အဖွဲ့များက ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးကြ သည်။

     တိုင်းစစ်ဌာနချုပ်၊ နယ်မြေခံဆေးကုသရေး အဖွဲ့များက သံဃာတော်များ၊ သာသနာနွယ်ဝင် သီလရှင်များနှင့် ဒေသခံပြည်သူ စုစုပေါင်း ၁၄၃၁ ဦးတို့ကို သွေးတိုးရောဂါ၊ အဆစ်အမြစ်ရောင်ရောဂါ၊ ဆီးချိုရောဂါ၊ အသက်ရှူလမ်းကြောင်း ဆိုင်ရာရောဂါ၊ မျက်စိရောဂါ၊ သွားနှင့်ခံတွင်း ရောဂါ၊ ခွဲစိတ်ကုသမှုဆိုင်ရာရောဂါ၊ သားဖွားမီးယပ်ရောဂါ၊ ကလေးရောဂါ၊ အထွေထွေရောဂါတို့နှင့် ပတ်သက်၍ လိုအပ် သည့် ဆေးဝါးကုသမှုများ ဆောင်ရွက်ပေးသည်။

      ယင်းသို့ ဆောင်ရွက်ပေးနေမှုများကို တိုင်းစစ်ဌာနချုပ်နှင့် မိတ္ထီလာတပ်နယ်မှ တာဝန်ရှိသူများက သွားရောက်ကြည့်ရှုအားပေးပြီး လိုအပ်သည်များ ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။