ဥရောပထိပ်တန်းလိဂ်ငါးခု၌ သွင်းဂိုးနှင့် ဂိုးဖန်တီးမှု ၁၀ ကြိမ်နှင့်အထက် ကစားသမားစာရင်းတွင် တိုက်စစ်ကစားသမားနေမာ ထိပ်ဆုံး၌ဦးဆောင်

ဥရောပထိပ်တန်းလိဂ်ငါးခု၌ သွင်းဂိုးနှင့် ဂိုးဖန်တီးမှု ၁၀ ကြိမ်နှင့်အထက် ကစားသမားစာရင်းတွင် တိုက်စစ်ကစားသမားနေမာ ထိပ်ဆုံး၌ဦးဆောင်

ယခုဘောလုံးရာသီ ဥရောပထိပ်တန်းလိဂ်ငါးခုဖြစ်သည့် ပရီးမီးယားလိဂ်ပြိုင်ပွဲ၊ စပိန်လာလီဂါပြိုင်ပွဲ၊ အီတလီစီးရီးအေပြိုင်ပွဲ၊ ဂျာမန်ဘွန်ဒက်စ်လီဂါပြိုင်ပွဲနှင့် ပြင်သစ်လီဂူးဝမ်းပြိုင်ပွဲတို့၌ သွင်းဂိုးနှင့် ဂိုးဖန်တီးမှု ၁၀ ကြိမ်နှင့်အထက် ကစားသမားစာရင်းတွင် ပီအက်စ်ဂျီအသင်း တိုက်စစ်ကစားသမား နေမာက ထိပ်ဆုံး၌ဦးဆောင်နေကြောင်း သိရသည်။

နေမာသည်  ယခုဘောလုံးရာသီတွင်  ဒဏ်ရာ ပြဿနာနှင့် ရုန်းကန်ခဲ့ရသော်လည်း ပါဝင်ကစားနိုင်သည့် ပွဲစဉ်များတွင် ခြေစွမ်းပြနိုင်ပြီး ကိုယ်တိုင် ၁၈ဂိုးသွင်းယူနိုင်သည့်အပြင် ဂိုးဖန်တီးမှု ၁၇ ကြိမ် ပြုလုပ်ထားကာ  ထိပ်ဆုံး၌   ဦးဆောင်နေခြင်းဖြစ်သည်။

လက်ရှိ ဥရောပထိပ်တန်းလိဂ်ငါးခု၌ မန်စီးတီး အသင်းမှ ဟာလန်းက ၂၄ ပွဲကစားပြီး ၂၇ ဂိုးသွင်းယူကာ  သွင်းဂိုးအများဆုံးကစားသမားအဖြစ်  ရပ်တည်နေသော်လည်း ဂိုးဖန်တီးမှုလေးကြိမ်သာ ပြုလုပ်ထားနိုင်သည်။

ယခုဘောလုံးရာသီ ဥရောပထိပ်တန်းလိဂ်ငါးခု၌ သွင်းဂိုးနှင့် ဂိုးဖန်တီးမှု ၁၀ ကြိမ်နှင့်အထက် ကစားသမားစာရင်းတွင် ဒုတိယနေရာ၌ မက်ဆီက ၁၇ ဂိုးသွင်းယူပြီး ဂိုးဖန်တီးမှု ၁၆ ကြိမ် ပြုလုပ်ထားသည်။

နေမာနှင့် မက်ဆီတို့၏နောက်၌ ဖရန့်ဖက်အသင်း မှ မူအာနီက ၁၅ ဂိုးသွင်းယူပြီး ဂိုးဖန်တီးမှု ၁၄ ကြိမ်၊ နာပိုလီအသင်းမှ ခါဗီချာက ၁၂ ဂိုးသွင်းယူပြီး ဂိုးဖန်တီးမှု ၁၅ ကြိမ်၊ ဘိုင်ယန်မြူးနစ်အသင်းမှ လူငယ်ကစားသမား မူစီလာက ၁၅ ဂိုးသွင်းယူပြီး ဂိုးဖန်တီးမှု ၁၁ ကြိမ်၊ ဘိုင်ယန်မြူးနစ်အသင်းမှ ဂါနာဘရီက ၁၁ ဂိုးသွင်းယူပြီး ဂိုးဖန်တီးမှု ၁၁ ကြိမ်၊ ဂလာဘတ်အသင်းမှ ဂျိုနက်ဟော့ဖ်မန်းက ၁၀ ဂိုးသွင်းယူပြီး ဂိုးဖန်တီးမှု ၁၀ ကြိမ်ဖြင့် အသီးသီးရပ်တည်နေကြောင်း သိရသည်။

 Ref;B/R Fooball