ရိုးမားအသင်းနည်းပြ မော်ရင်ဟိုက ရိုးမားအသင်းနှင့် ခရိုမိုနီစီအသင်းတို့ကစားသည့်ပွဲစဉ်မှ စတုတ္ထဒိုင်လူကြီး မာကိုဆာရာအား တရားစွဲဆိုရန်ပြင်ဆင်

ရိုးမားအသင်းနည်းပြ မော်ရင်ဟိုက ရိုးမားအသင်းနှင့် ခရိုမိုနီစီအသင်းတို့ကစားသည့်ပွဲစဉ်မှ စတုတ္ထဒိုင်လူကြီး မာကိုဆာရာအား တရားစွဲဆိုရန်ပြင်ဆင်

ရိုးမားအသင်းနည်းပြ မော်ရင်ဟိုက ရိုးမားအသင်းနှင့်ခရိုမိုနီစီအသင်းတို့ ကစားသည့်ပွဲစဉ်မှ  စတုတ္ထဒိုင်လူကြီး မာကိုဆာရာအား တရားစွဲဆိုရန်ပြင်ဆင်လျက်ရှိကြောင်း သိရသည်။

အဆိုပါပွဲစဉ်တွင်   ရိုးမားအသင်းက    ခရိုမိုနီစီအသင်းကို ၂ ဂိုး-၁ ဂိုးဖြင့်ရှုံးနိမ့်ကာ ရိုးမားအသင်းန်းပြ မော်ရင်ဟိုသည်လည်း စတုတ္ထဒိုင်လူကြီး မာကိုဆာရာနှင့် အချင်းများခဲ့သည့်အတွက် အနီကတ်ပြသပြီး ထုတ်ပယ်ခံခဲ့ရသည်။

အဆိုပါပွဲစဉ် ၄၇ မိနစ်တွင် နည်းပြမော်ရင်ဟိုနှင့် စတုတ္ထဒိုင်လူကြီး မာကိုဆာရာတို့ အချင်းများခဲ့ခြင်းဖြစ်ပြီး ကွင်းလယ်ဒိုင်လူကြီး မာကိုပီစီနီနီက  နည်းပြမော်ရင်ဟိုကို အနီကတ်ပြသပြီး ကွင်းအတွင်းမှ ထုတ်ပယ်ခဲ့သည့်အတွက် နည်းပြမော်ရင်ဟိုက မာကိုဆာရာအား ကျေနပ်မှုမရှိသောကြောင့် တရားစွဲဆိုရန် ပြင်ဆင်နေခြင်းဖြစ်သည်။

နည်းပြမော်ရင်ဟိုက  ကျွန်တော်တုံ့ပြန်မှုတစ်ခုလုပ်ရပါမယ်။ ကွင်းလယ်ဒိုင်လူကြီး မာကိုပီစီနီနီအနေနဲ့ စတုတ္ထဒိုင်က ကျွန်တော့်ကိုပြောခဲ့တဲ့စကားတွေကို မသိလို့ ကျွန်တော့်ကို အနီကတ်ပြတာပါ။ ကျွန်တော် ပွဲစဉ်အပြီးမှာ ကွင်းလယ်ဒိုင်လူကြီးရှေ့မှာ မာကိုဆာရာကို ကျွန်တော့်ကိုပြောတဲ့စကားတွေ   ပြောပြနိုင်မလားလို့မေးခဲ့ပါတယ်။ သူ ဘာမှမပြောနိုင်ပါဘူး။ ကျွန်တော့်ဘက်က ဥပဒေအရ တရားစွဲဆိုနိုင်ဖို့ နည်းလမ်းရှာမှာပါဟု ပြောသည်။

Ref:Goal