UFC  နှင့် ဂျိုရှုအာဗန်တို့ စာချုပ်ချုပ်ဆိုပြီးနောက် UFC  ပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်မည့်

UFC  နှင့် ဂျိုရှုအာဗန်တို့ စာချုပ်ချုပ်ဆိုပြီးနောက် UFC  ပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်မည့်

ပထမဆုံး မြန်မာကစားသမားဖြစ်လာမည် ချင်းတိုင်းရင်းသားဖြစ်သည့် ဂျိုရှုအာဗန်သည် အမေရိကန်နိုင်ငံ အခြေစိုက် UFC နှင့်စာချုပ်ချုပ်ဆိုပြီးနောက် UFC ပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရရှိမည့် ပထမ ဆုံး   မြန်မာကစားသမားဖြစ်လာမည်ဖြစ်ကြောင်း သိရသည်။

ဂျိုရှုအာဗန်သည်  AFC  Fury Fighting Championship နှင့် စာချုပ်ချုပ်ဆိုပြီး နောက်  ၤကမပ  ပြိုင်ပွဲများ၌ ဝင်ရောက် ယှဉ်ပြိုင်ရာတွင် အကောင်းဆုံးစွမ်းဆောင် ရည်များပြသနိုင်သည့်အတွက် UFC  က စာချုပ်ချုပ်ဆိုခဲ့ခြင်းဖြစ်သည်။

UFC သည် လက်ရှိတွင် ပြိုင်ပွဲများကို ကျင်းပပေးနေသည့် ထိပ်တန်းအဖွဲ့အစည်းတစ်ခုဖြစ်ကာ ကမ္ဘာ့ထိပ်တန်းကစားသမားများဖြစ်ကြသော   မက်ဂရီဂေါ်နှင့်   ရုရှားနိုင်ငံသား ခါဘစ် စသည့်ကစားသမားများဝင်ရောက်ယှဉ်ပြိုင်နေသော  ပြိုင်ပွဲဖြစ်ပြီး     ကမ္ဘာတစ်ဝန်း ပရိသတ်အားပေးမှု အများအပြား ရရှိထားသည့်ပြိုင်ပွဲ ဖြစ်သည်။

ဂျိုရှုအာဗန်သည် Fury ပြိုင်ပွဲများတွင် ဝင်ရောက်ယှဉ်ပြိုင်စဉ်က ဖလိုင်းဝိတ်တန်း ပြိုင်ပွဲတွင် ယှဉ်ပြိုင်ခဲ့ပြီး  ရှစ်ပွဲယှဉ်ပြိုင်ရာ တွင်  ခုနစ်ပွဲအထိအနိုင်ရရှိပြီး တစ်ပွဲသာရှုံးနိမ့်ခဲ့သည်။

ဂျိုရှုအာဗန်သည် လက်ရှိတွင် UFC နှင့်စာချုပ်ချုပ်ဆိုထားသဖြင့် မကြာမီ UFC  ပြိုင်ပွဲများ၌  ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ် သည့်အတွက် UFC ပြိုင်ပွဲများတွင်  ယှဉ်ပြိုင်ခွင့်ရရှိသည့်  ပထမဆုံး  မြန်မာကစား သမားဖြစ်လာမည်ဖြစ်ကြောင်း သိရသည်။

                    စည်သူအောင်