တောင်ကိုရီးယားနိုင်ငံ၏မော်တော်ကားရောင်းချမှုနှုန်း ၁၀ ရာခိုင်နှုန်းမြင့်တက်

တောင်ကိုရီးယားနိုင်ငံ၏မော်တော်ကားရောင်းချမှုနှုန်း ၁၀ ရာခိုင်နှုန်းမြင့်တက်

ကမ္ဘာ့ဈေးကွက်တွင်  တောင်ကိုရီးယားနိုင်ငံ၏ မော်တော်ကားရောင်းချမှုနှုန်းသည် ယခုနှစ်ဖေဖော်ဝါရီလ အတွင်း၌ ၁၀ ရာခိုင်နှုန်း မြင့်တက်လာခဲ့ကြောင်း   စက်မှုလုပ်ငန်းဆိုင်ရာ အချက်အလက်များအရ သိရသည်။

တောင်ကိုရီးယားအဓိကမော်တော်ကားကုမ္ပဏီကြီးများဖြစ်သည့် Hyundai၊  Kia၊ GM Korea၊  Renault Samsung နှင့် Ssangyong   တို့သည်   လက်ရှိတွင် ကမ္ဘာ့မော်တော်ကားဈေးကွက်သို့ မော်တော်ကားများ တင်ပို့လျက်ရှိပြီး   ယင်းကုမ္ပဏီများ၏  ရောင်းအားမြင့်တက်လာခြင်းမှာ တောင်ကိုရီးယားနိုင်ငံ အတွင်း၌တွင် သာမက   အခြားနိုင်ငံများမှ ဝယ်လိုအား မြင့်တက်လာခြင်းကြောင့်   ဖြစ်သည်။ တောင်ကိုရီးယားနိုင်ငံအတွင်း၌ ပြည်တွင်းဖြစ်မော်တော်ကားရောင်းချမှုမှာ၂၁ ဒသမ ၃ ရာခိုင်နှုန်း မြင့်တက်လာခဲ့ကြောင်း သိရသည်။ ထို့ကြောင့်   တောင်ကိုရီးယား မော်တော်ကားကုမ္ပဏီများ၏ ရောင်းအားသည် ပြီးခဲ့သည့်နှစ် အလားတူကာလနှင့် နှိုင်းယှဉ်ပါက  ၁၀ ရာခိုင်နှုန်းမြင့်တက်လာခြင်း ဖြစ်သည်။

အဆိုပါတောင်ကိုရီးယားကုမ္ပဏီများအနက် နာမည်ကြီး ံပကညိငေ ကုမ္ပဏီ၏မော်တော်ကားရောင်းချမှုနှုန်းသည် ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်  အလားတူကာလက ရောင်းချနိုင်ခဲ့သည့်နှုန်းနှင့်နှိုင်းယှဉ်ပါက ၇ ဒသမ ၃ ရာခိုင်နှုန်း မြင့်တက်လာကြောင်း သိရသည်။    

        Ref: Yonhap, Cn