ကမ္ဘာ့အကြီးဆုံးမြေအောက်မီးရထားလိုင်းကို ရုရှားဖွင့်လှစ်

ကမ္ဘာ့အကြီးဆုံးမြေအောက်မီးရထားလိုင်းကို ရုရှားဖွင့်လှစ်

ရုရှားနိုင်ငံ မော်စကိုမြို့တော်ရှိ ကမ္ဘာ့အကြီးဆုံး  မြေအောက်မီးရထားလိုင်းကို သမ္မတ ဗလာဒီမာပူတင်က ဖွင့်လှစ်ပေးလိုက်ကြောင်း သိရသည်။

အဆိုပါ    မြေအောက်မီးရထားလိုင်းသည် ရုရှားနိုင်ငံ၏ သမိုင်းတစ်လျှောက်တွင်ရည်မှန်းချက် အကြီးမား ဆုံးသော    မြို့ပြလမ်းပန်းဆက်သွယ်ရေး စီမံကိန်းများအနက်တစ်ခုအပါအဝင်ဖြစ်ပြီး ယင်းမီးရထားလိုင်းကို သမ္မတပူတင်က   မော်စကိုမြို့တော်ဝန် ဆာဂျီဆိုဗြာနင်နှင့်အတူ  မတ် ၁ ရက်တွင်ဖွင့်လှစ်ပေးခြင်းဖြစ်သည်။     အဆိုပါမြေအောက်မီးရထားလိုင်းတွင်  ဘူတာရုံ ၃၁ ခုပါဝင်ပြီး အရှည်အားဖြင့်  ၇၀ ကီလိုမီတာ (၄၃ မိုင်)ရှိသောကြောင့်   ကမ္ဘာ့အရှည်ဆုံးမြေအောက်မီးရထားလိုင်း ဖြစ်လာသည်။

ယခုဖွင့်လှစ်လိုက်သည့်   မြေအောက်မီးရထားလိုင်းသည်  မော်စကိုမြို့တော်၏ သယ်ယူပို့ဆောင်ရေး စနစ်တစ်ခုလုံးကို ထူးထူးခြားခြားပြောင်းလဲ တိုးတက်လာစေမည်ဖြစ်ပြီး မြို့တော်၌ နေထိုင်လျက်ရှိသည့် ပြည်သူများအတွက် ပိုမိုအဆင်ပြေချောမွေ့စေမည်ဖြစ်ကြောင်း သိရသည်။ 

Ref: Sputnik