မျိုးဆက်သစ် ဒုံးပျံတစ်စင်းကို ဂျပန်နိုင်ငံ လွှတ်တင်မည်

မျိုးဆက်သစ် ဒုံးပျံတစ်စင်းကို ဂျပန်နိုင်ငံ လွှတ်တင်မည်

    ဂျပန်နိုင်ငံသည် ၎င်းတို့၏မျိုးဆက်သစ် ဒုံးပျံတစ်စင်းကိုမတ် ၆ ရက်တွင် ထပ်မံလွှတ်တင် သွားမည်ဖြစ်ကြောင်း ဒုံးပျံထုတ်လုပ်ရေး စီမံကိန်းမန်နေဂျာက မတ် ၃ ရက်တွင်ပြောသည်။

ဂျပန်နိုင်ငံ၏မျိုးဆက်သစ် ံ၃ ဒုံးပျံကို မစ်ဆူဘီရှီကုမ္ပဏီက ထုတ်လုပ်ထားခြင်း ဖြစ်ပြီး ဒုံးပျံ၏ အရှည်မှာ ၆၃ မီတာရှိသည်။

ယင်းဒုံးပျံကို ဂျပန်နိုင်ငံက ဖေဖော်ဝါရီ ၁၇ တွင်လွှတ်တင်ရန်  ကြိုးပမ်းခဲ့သော်လည်း စက်ချွတ်ယွင်းမှုကြောင့် လွှတ်တင်မှုအောင်မြင်ခဲ့ခြင်း မရှိပေ။ ယခုအခါ ဒုံးပျံထုတ်လုပ်ရေး အဖွဲ့က စက်ချွတ်ယွင်းမှုအား ပြန်လည်ပြင်ဆင်ခဲ့ပြီဖြစ်သောကြောင့် ရာသီဥတု ကောင်းမွန်ပါကဒုံးပျံအား ထပ်မံလွှတ်တင်ရန် စီစဉ်ခဲ့ခြင်းဖြစ်ကြောင်း ဒုံးပျံထုတ်လုပ်ရေး စီမံကိန်းမန်နေဂျာ မာဆာရှီအိုကာဒါက ပြောသည်။

ဂျပန်လေကြောင်းနှင့် အာကာသစူးစမ်း လေ့လာရေးအေဂျင်စီ(Jaxa)သည် ကမ္ဘာ့အာကာသဈေးကွက်တွင်  ပါဝင်နိုင်ရေးအတွက် ကြိုးပမ်းလျက်ရှိပြီး ယခုတစ်ကြိမ်တွင်ထပ်မံလုပ်ဆောင်မည့် ဒုံးပျံလွှတ်တင်မှုကို အောင်မြင်စွာ လုပ်ဆောင်နိုင်မည်ဟု မျှော်လင့်လျက်ရှိသည်။ Jaxa သည်နိုင်ငံ၏ အာကာသယာဉ်တွင် လိုက်ပါမည့် အာကာသလေယာဉ်မှူး အသစ်နှစ်ဦးအား   ၁၃ နှစ်အတွင်း ပထမဆုံးအကြိမ်အဖြစ် ဖေဖော်ဝါရီ ၂၈ ရက်တွင်   ရွေးချယ်ထားပြီး ဖြစ်သည်။