ဒေသတွင်းစိုက်ပျိုး၊ မွေးမြူရေးနှင့် ကုန်ထုတ်လုပ်ငန်းများ ရာနှုန်းပြည့် ဆောင်ရွက်နိုင်ရေး စိုက်ပျိုး၊ မွေးမြူရေး လုပ်ငန်းများအား ကြည့်ရှုစစ်ဆေး

ဒေသတွင်းစိုက်ပျိုး၊ မွေးမြူရေးနှင့် ကုန်ထုတ်လုပ်ငန်းများ ရာနှုန်းပြည့် ဆောင်ရွက်နိုင်ရေး စိုက်ပျိုး၊ မွေးမြူရေး လုပ်ငန်းများအား ကြည့်ရှုစစ်ဆေး

နေပြည်တော်၊ မတ် -

            ကိုဗစ်- ၁၉ ရောဂါဖြစ်ပွားမှုကြောင့် ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းများ ဆောင်ရွက်နေချိန်တွင် ဒေသတွင်း စားရေရိက္ခာ ဖူလုံရေးနှင့် ပြည်သူများ၏ စားသောက်ရေးကို အထောက်အကူ ဖြစ်စေရန်အတွက် တိုင်းစစ်ဌာနချုပ်များ၊ တပ်ရင်း၊ တပ်ဖွဲ့များ၌ စိုက်ပျိုး၊ မွေးမြူရေး လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိသည်။

            ထိုသို့ဆောင်ရွက်လျက်ရှိရာ မတ် ၃ ရက် နံနက်ပိုင်းတွင် အရှေ့ အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် မျိုးမင်းထွန်းနှင့် တာဝန် ရှိသူများက တိုင်းစစ်ဌာနချုပ်ရှိ ဘက်စုံစိုက်ပျိုး/ မွေးမြူရေးခြံများအတွင်း ရာသီ သီးနှံများ စိုက်ပျိုးထားရှိမှု၊ တစ်သျှူးငှက်ပျောနှင့် စင်တင်သီးနှံများ စိုက်ပျိုးထားရှိမှုတို့ကို လည်းကောင်း၊ ဉစားကြက်၊ အသားတိုးကြက်၊ ဒေသကြက်၊ DYL အသားတိုးဝက်၊ ဆိတ်၊ နို့စားနွားနှင့် ငါးခူမွေးမြူထားရှိမှုတို့ကို လည်းကောင်း၊  တိုင်းစစ်ဌာနချုပ် အစာစပ် စက်ရုံဆောင်ရွက်နေမှုနှင့် ကွပ်ကဲမှုအောက်ရှိ တပ်ရင်း/တပ်ဖွဲ့များသို့ ပြင်ပထက်သက်သာသော ဈေးနှုန်းဖြင့် ပြန်လည် ရောင်းချပေးနေမှုတို့ကို လည်းကောင်း သွားရောက်ကြည့်ရှု စစ်ဆေးပြီး တာဝန်ရှိသူများနှင့် တွေ့ဆုံကာ ကုန်ထုတ်လုပ်မှု လုပ်ငန်းများ ရာနှုန်းပြည့် ဆောင်ရွက်နိုင်ရေးနှင့် လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။