ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်အတွင်းရှိ ယာယီခိုလှုံရာစခန်းများမှ မိမိသဘောဆန္ဒဖြင့် နေရပ်ပြန်ကြမည့် ယာယီနေရပ်စွန့်ခွာသူ အိမ်ထောင်စုဝင်များအား ထောက်ပံ့ငွေနှင့် လူသုံးကုန်ပစ္စည်းများ ထောက်ပံ့ပေးအပ်

ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်အတွင်းရှိ ယာယီခိုလှုံရာစခန်းများမှ မိမိသဘောဆန္ဒဖြင့် နေရပ်ပြန်ကြမည့် ယာယီနေရပ်စွန့်ခွာသူ အိမ်ထောင်စုဝင်များအား ထောက်ပံ့ငွေနှင့် လူသုံးကုန်ပစ္စည်းများ ထောက်ပံ့ပေးအပ်

နေပြည်တော်၊ မတ်

            ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ်အတွင်းရှိ ရှော်မယ်၊ လက်ကောက်ဈေး၊ ထမ္မရာဇ်၊ တောင်မြင့်၊ ဝက်လှ၊ မြို့သစ်၊ ကိုးနဝင်းနှင့် ပြလှ ယာယီခိုလှုံရာစခန်းများ၌ ခေတ္တခိုလှုံနေထိုင်လျက်ရှိသော ယာယီနေရပ်စွန့်ခွာသူ အိမ်ထောင်စုဝင် မိသားစုများ သည် ၎င်းတို့၏ သဘောဆန္ဒဖြင့် မူလနေရပ်ဒေသများသို့ ပြန်လည်နေထိုင်ကြမည် ဖြစ်ရာ အဆိုပါယာယီနေရပ်စွန့်ခွာသူ အိမ်ထောင်စုဝင်များ လတ်တလော စားသောက် နေထိုင်ရေး အဆင်ပြေစေရန်အတွက် ထောက်ပံ့ငွေနှင့် လူသုံးကုန်ပစ္စည်းမျိုးစုံ ထောက်ပံ့ပေးအပ်ခြင်းကို ယနေ့နံနက်ပိုင်းတွင် မြောက်ဦးခရိုင် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေး ခန်းမ၌ပြုလုပ်ရာ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်၊ မြောက်ဦး တပ်နယ်မှ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် နေရပ်ပြန် အိမ်ထောင်စုဝင် များ တက်ရောက်ကြသည်။

            ဦးစွာ တာဝန်ရှိသူများက အားပေးအမှာစကားများ ပြောကြားကြသည်။ ထို့နောက် တာဝန်ရှိသူများက ရခိုင်ပြည်နယ် အစိုးရအဖွဲ့က ထောက်ပံ့သည့် အိမ်ထောင်စု ၁ စုလျှင်ငွေကျပ် ၅၀၀၀၀၀ နှုန်းဖြင့် အိမ်ထောင်စု ၁၄၂ စုအတွက် ငွေကျပ်သိန်း ၇၁၀ ကိုလည်းကောင်း၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာနမှ ထောက်ပံ့သည့် အိမ်ထောင်စု ၁ စုလျှင် ငွေကျပ် ၁၀၀၀၀၀ နှုန်းဖြင့် ငွေကျပ် ၁၄၂ သိန်းကို လည်းကောင်း၊ ဘေးအန္တရာယ် ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာနမှ ထောက်ပံ့သည့် ဆန်ရိက္ခာဖိုးငွေ တစ်လစာအတွက် လူ ၁ ဦးလျှင် ၉၀၀၀ ကျပ်နှုန်းဖြင့် လူဦးရေ ၅၈၂ ဦးအတွက် ထောက်ပံ့ငွေ ၅၂၃၈၀၀၀ ကျပ်ကို လည်းကောင်း၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ထောက်ပံ့သည့် အိမ်ထောင်စု ၁ စုလျှင် လူသုံးကုန်ပစ္စည်း ၁၇ မျိုးပါသည့် Family Kit  ၁ ပုံးနှုန်းဖြင့် Family Kit  ၁၄၂ ပုံးနှင့် အိမ်ထောင်စု ၁ စုလျှင် တာပေါ်လင်စ ၁ စနှုန်းဖြင့် တာပေါ်လင်စ ၁၄၂ စကို လည်းကောင်း စခန်းတာဝန်ခံများထံ အသီးသီး ထောက်ပံ့ ပေးအပ်ကြသည်။

    ဆက်လက်၍ ပြည်နယ်အစိုးရအဖွဲ့နှင့် တပ်မတော်တို့မှ စီစဉ်ဆောင်ရွက်ပေး မှုဖြင့် မြောက်ဦးမြို့နယ်အတွင်းရှိ ယာယီခိုလှုံရာစခန်းများမှ ၎င်းတို့၏ နေရပ် အသီးသီးသို့ပြန်လည် ထွက်ရှိကြမည့် ယာယီနေရပ်စွန့်ခွာသူ အိမ်ထောင်စုဝင်များ၏ အိမ်သုံးကုန်ပစ္စည်းများအား အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် နယ်မြေခံတပ်မတော်သား များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် ဌာဆိုင်ရာ ဝန်ထမ်းများက မော်တော်ယာဉ်များ၊ စက်လှေများပေါ်သို့ ကူညီသယ်ယူ ပို့ဆောင်ပေးကြပြီး ၎င်းတို့၏ နေရပ် ကျေးရွာများအရောက် အခမဲ့ ပို့ဆောင်ပေးခဲ့ကြောင်း သတင်းရရှိသည်။