တပ်မတော်ပင်လယ်သွား ဆေးရုံရေယာဉ်(သံလွင်) ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ် အတွင်းရှိ ဒေသခံပြည်သူများအား ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ဆက်လက် ဆောင်ရွက်

တပ်မတော်ပင်လယ်သွား ဆေးရုံရေယာဉ်(သံလွင်) ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ် အတွင်းရှိ ဒေသခံပြည်သူများအား ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ဆက်လက် ဆောင်ရွက်

နေပြည်တော်၊ မတ် -

     ရခိုင်ပြည်နယ် အတွင်းရှိ ကမ်းရိုးတန်းဒေသ တစ်လျှောက်မှ  ဒေသခံပြည်သူ များအား ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေးရန် ထွက်ခွာလာသည့်  တပ်မတော်နှင့် ကျန်းမာရေး ဝန်ကြီးဌာနတို့မှ အထူးကုဆေးအဖွဲ့များ လိုက်ပါလာသည့် တပ်မတော်ပင်လယ်သွားဆေးရုံရေယာဉ်(သံလွင်)သည် ယနေ့တွင် သံတွဲမြို့နယ်၊ ကျောက္ကလပ်ကျေးရွာအုပ်စု၊ သဗြုချိုင်ကျေးရွာ ဆိပ်ကမ်းသို့ရောက်ရှိရာ အနောက် ပိုင်းတိုင်းစစ်ဌာနချုပ်နှင့် ဌာနဆိုင်ရာမှ တာဝန်ရှိသူများ၊ ဒေသခံပြည်သူများက သောင်း သောင်းဖျဖျကြိုဆိုကြသည်။ အဆိုပါ နယ်လှည့်အထူးကုဆေးအဖွဲ့များသည် သံတွဲ မြို့နယ်၊ ကျောက္ကလပ်ကျေးရွာအုပ်စု၊ သဗြုချိုင်ကျေးရွာရှိ အေဒင်အအေးခန်း စက်ရုံ၌ အခြေပြု၍ အဆိုပါကျေးရွာနှင့် ပတ်ဝန်းကျင်ကျေးရွာများမှ ဒေသခံပြည်သူ ၁၃၀၃ ဦးအား ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေးသည်။

    ထိုသို့ ဆောင်ရွက်ပေးရာတွင် ယနေ့တွင် ဆေးကုသမှုဆိုင်ရာရောဂါ ၃၅၁ ဦး၊ ခွဲစိတ်ရောဂါ ၆၂ ဦး၊ သားဖွား/ မီးယပ်ရောဂါ ၄၅ ဦး၊ ကလေးရောဂါ ၆၆ ဦး၊ အရိုးရောဂါ ၂၇၅ ဦး၊ နား/ နှာခေါင်း/ လည်ချောင်းရောဂါ  ၁၅၄ ဦး၊ မျက်စိရောဂါ ၂၉၈ ဦးနှင့် သွားနှင့်ခံတွင်းရောဂါ ၅၂ ဦးတို့ကို လိုအပ်သည့် ဆေးဝါးကုသမှုများ ဆောင်ရွက်ပေးသည်။ ထို့အပြင် ခွဲစိတ်ကုသရန်လိုအပ်သူ အထွေထွေခွဲစိတ်လူနာ ၁၄ ဦး၊ မျက်စိခွဲစိတ်လူနာ ၁၃ ဦး၊ ဓာတ်မှန်ရိုက်လူနာ ၁၃ ဦး၊ အာထရာဆောင်းဖြင့် စမ်းသပ် စစ်ဆေးလူနာ ၇၉ ဦး၊ ECG ဖြင့် နှလုံးစမ်းသပ်လူနာ ၄၄ ဦးနှင့် ဓာတ်ခွဲစမ်းသပ်လူနာ ၅၇ ဦးတို့ကို ရောဂါ ရှာဖွေစမ်းသပ် ကုသပေးခြင်းများ ဆောင်ရွက်ပေးပြီး ဆေးရုံတက်ရောက်ကုသရန် လိုအပ်သူ ၁၇ ဦးတို့ကို နီးစပ်ရာ တပ်မတော်ဆေးရုံများနှင့် ပြည်သူ့ဆေးရုံများသို့ တက်ရောက်ကုသနိုင်ရေး စီစဉ်ဆောင်ရွက်ပေးသည်။

      ယင်းသို့ ဆောင်ရွက်ပေးနေမှုများကို အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှ တာဝန်ရှိ သူများက သွားရောက်ကြည့်ရှုအားပေးပြီး လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးသည်။ ကျန်းမာရေးဆောင်ရွက်ပေးမှုအပေါ် ဒေသခံပြည်သူများ၏ စကားသံများကို ယခု လိုပဲကြားသိခဲ့ရပါတယ်-

    “ဒီဒေသမှာဆိုရင် မရှိသေးတာ သံတွဲခရိုင်ပြည်သူ့ဆေးရုံကြီးမှာ မရှိသေတာ နား၊ နှာခေါင်း၊ လည်ခေါင်းအထူးကုတွေမရှိဘူး။ အခြားပြသလိုတဲ့ မျက်စိအထူးကု ဆရာဝန်တွေလည်း မရှိဘူး။ အခုဒီမှာ တော်တော်စုံစုံလင်လင်နဲ့ အထူးကုတွေပါတဲ့ အတွက် ဒီဒေသမှာ အဲ့လို ရောဂါဝေဒနာနဲ့ ဆက်စပ်ပြီးတော့ ပြသလိုတဲ့ အဆင်ပြေ ချောမွေ့တဲ့ပုံစံမျိုးရှိပါတယ်။ လူနာတွေနဲ့ ချိတ်ဆက်ပြီးတော့ ဒီမှာကုသဖို့အတွက် အဆင်ပြေချောမွေ့အောင် ကူညီပေးတာပါ။ ဆေးရုံသင်္ဘောကြီးရောက်လာတယ်။ ဒီလိုအထူးကုသမားတော်ကြီးများပါတယ်ဆိုတဲ့ သတင်းစကားကို ပြန်နှံ့အောင် ကျွန်တော်တို့ ဆောင်ရွက်ပေးတာကတော့ အဓိက အချက်အလက်ပေါ့နော်။ ဒီမှာ တော့ လက်ရှိလုပ်ငန်းခွင်မှာ ကုသရေးအပိုင်းမှာတော့ ဒီမှာလာပြီးတော့ ကုသဖို့အတွက် လိုအပ်တဲ့နေရာတွေကို ကျွန်တော်တို့ ချိတ်ဆက်ပြီးတော့ ပို့ဆောင် ပေးတာတို့၊  ချိတ်ဆက်ပြီးတော့ဆောင်ရွက်ပေးတာတို့ ဒါမျိုးတွေကျွန်တော်တို့ ကူညီပေးတာပါ အဓိကကတော့ ကျွန်တော်တို့မျှော်လင့်တာကတော့ အနည်းဆုံး လာဖြစ်နိုင်ရင်တော့ တစ်နှစ်ကို တစ်ကြိမ် နှစ်ကြိမ်လောက်တော့ လာစေချင်ပါ တယ်။ ဒါကလည်းကျွန်တော်တို့ ဒေသအတွက် လိုအပ်ချက် တစ်ခုအနေနဲ့ ဖြစ်နေတာပါ။ ကျွန်တော်တို့ သွားရေးလာရေး ခက်ခဲတယ်။ ပြင်ပအခြား နေရာတွေ သွားကုသဖို့အတွက် စရိတ်စကအနေနဲ့ မတတ်နိုင်တဲ့ ချို့တဲ့လူနာတွေအတွက် အင်မတန်အဆင်ပြေတဲ့ အစီအစဉ်ကောင်းတစ်ခုပါ။ ဒေသအတွက်လည်း အင်မတန် လိုအပ်ချက်ရှိတဲ့ ကိစ္စတစ်ခုကို ဆောင်ရွက်ပေးတဲ့အတွက် အားလုံးကို ကျေးဇူး တင်ပါတယ်။ တာဝန်ရှိသူအားလုံးကို ကျေးဇူးတင်ပါတယ်။ “

    “ရောဂါကသွေးတိုးလို လာရောက်ပြသတာပါ။ မိမိတိုနေရပ်ဒေသမှာ ရောဂါ မျိုးစုံကိုလာရောက်ကုသပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်၊ရွာကအုပ်ချူပ်ရေးမှူးကနေသင်္ဘောနှင့်လာရောက် ဆေးကုပေးမယ်ပြောကြားတဲ့အတွက် လာရောက် ကုသ ဖြစ်တာပါ။ ရွာကတောဘက်ကျပြီးအလှမ်းဝေးပါတယ်၊ လာရောက်ကုသရတဲ့ ခက်ခဲပါတယ်။ အခုလိုလာရောက် ကုသပေးတဲ့အတွက် ဝမ်းသာမိတဲ့အပြင် ကျေးဇူး အများကြီးတင်မိပါတယ်။”

      “မျက်စိလာရောက်ပြသတာပါ။အခုလာရောက် ကုသပေးတဲ့အတွက် ဝမ်းသာပီတိဖြစ်မိပါတယ်။ နေရတဲ့နေရာဒေသက တောကျပြီး မြို့နဲ့အလှမ်းဝေးတဲ့ အတွက် လာရောက် ကုသပေးတာကို အထူးပဲကျေးဇူး တင်ပါတယ်။  ကုသပေးတဲ့သူတွေ အားလုံးကိုလည်းချောချောမောမောနှင့် ကျန်းကျန်းမာမာဖြင့်ပြန်ရောက် စေချင် ပါတယ်။ အထူးပဲကျေးဇူးတင်ပါကြောင်းပြောလိုပါတယ်။”