နိုင်ငံ၏ကာကွယ်ရေးအသုံးစရိတ်ကိုတိုးမြှင့်ခြင်းက သင့်တင့်မျှတမှုရှိဟု တရုတ်ပြော

ပေကျင်း၊ ကာကွယ်ရေး

နိုင်ငံ၏ကာကွယ်ရေးအသုံးစရိတ်ကိုတိုးမြှင့်ခြင်းက သင့်တင့်မျှတမှုရှိဟု တရုတ်ပြော

တရုတ်နိုင်ငံက ကာကွယ်ရေးအသုံးစရိတ်ကိုတိုးမြှင့်ခြင်းသည် သင့်တင့်မျှတမှုရှိကြောင်း တရုတ်ကွန်ဂရက်လွှတ်တော်မှ ပြောရေး ဆိုခွင့်ရှိသူ ဝမ်ချောင်က မတ် ၄ ရက်တွင်ပြောသည်။

တရုတ်နိုင်ငံ၏ ကာကွယ်ရေးအသုံးစရိတ်တိုးမြှင့်ခြင်းနှင့် တပ်မတော်အဆင့်မြှင့်တင်ခြင်းသည် မည်သည့်နိုင်ငံကိုမျှ ခြိမ်းခြောက် နေခြင်းမဟုတ်ကြောင်း ဝမ်ချောင်က သတင်းစာရှင်းလင်းပွဲတစ်ရပ်တွင် သတင်းထောက်များ၏ မေးမြန်းချက်ကိုဖြေကြားရာတွင် ထည့်သွင်းပြောကြားခြင်းဖြစ်သည်။

သို့ရာတွင် တရုတ်နိုင်ငံအနေဖြင့် ယခုနှစ်အတွက် ကာကွယ်ရေးအသုံးစရိတ်ကို မည်မျှတိုးမြှင့်မည်ကို ၎င်းကဖြေကြားခြင်းမရှိပေ။ တရုတ်အစိုးရအနေဖြင့် ယခုနှစ်အတွက် ကာကွယ်ရေးအသုံးစရိတ်ကို နှစ်စဉ်ကျင်းပသည့် ကွန်ဂရက်လွှတ်တော် အစည်းအဝေးတွင် ထုတ်ဖော်ကြေညာသွားမည် ဖြစ်သည်။

တရုတ်နိုင်ငံ၏ ကာကွယ်ရေးအသုံးစရိတ်တိုးမြှင့်မှုသည် နိုင်ငံ၏ ဂျီဒီပီပမာဏနှင့်နှိုင်းယှဉ်ပါက နည်းပါးလျက်ရှိသော်လည်းနိုင်ငံ၏  ကာကွယ်ရေး အသုံးစရိတ်တိုးမြှင့်ခြင်းကို အခြားနိုင်ငံအချို့က ခြိမ်းခြောက်မှုအဖြစ် ပုံဖော်လျက်ရှိကြောင်း တရုတ်အစိုးရက ပြောကြားထားသည်။

Ref: ST