အာဖဂန်လုံခြုံရေးအဖွဲ့က နိုင်ငံအနောက်ပိုင်းတွင် IS အကြမ်းဖက်အဖွဲ့ဝင် ခြောက်ဦးကိုချေမှုန်း

ဟီရက်၊ အကြမ်းဖက်မှုတိုက်ဖျက်ရေး

အာဖဂန်လုံခြုံရေးအဖွဲ့က နိုင်ငံအနောက်ပိုင်းတွင် IS အကြမ်းဖက်အဖွဲ့ဝင် ခြောက်ဦးကိုချေမှုန်း

အာဖဂန်လုံခြုံရေးတပ်ဖွဲ့များသည် နိုင်ငံအနောက်ပိုင်းရှိ IS အကြမ်းဖက်အဖွဲ့၏ ပုန်းအောင်းရာနေရာတစ်ခုကို စီးနင်းတိုက်ခိုက်ပြီး     အကြမ်းဖက်အဖွဲ့ဝင် ခြောက်ဦးကိုချေမှုန်းနိုင်ခဲ့ကြောင်း ပြည်နယ်ရဲတပ်ဖွဲ့အကြီးအကဲ အဗ္ဗဒူလာအင်ဆက်ဖ်က မတ် ၄ ရက်တွင် ပြောသည်။

လုံခြုံရေးတပ်ဖွဲ့ဝင်များသည် ပြည်နယ်မြို့တော် ဟီရက် ရာဘက်ကာဘူလီကျေးရွာအတွင်းရှိ စစ်သွေးကြွအဖွဲ့၏ ပုန်းအောင်းရာ နေရာကို မတ် ၃ ရက် ညနေပိုင်းက ဝင်ရောက်စီးနင်းခဲ့ခြင်းဖြစ်ပြီး အမျိုးသမီး တစ်ဦးအပါအဝင် စစ်သွေးကြွခြောက်ဦးကို ချေမှုန်းခဲ့ပြီး  ချေမှုန်းရေးရိုင်ဖယ် သုံးလက်နှင့်အတူ ပစ္စတို ငါးလက်၊ လက်ကိုင်ဖုန်း ၁၅ လုံးအပါအဝင် အခြားလက်နက်ခဲယမ်းများကို  သိမ်းဆည်းနိုင်ခဲ့ခြင်းဖြစ်ကြောင်း အင်ဆက်ဖ်ကပြောသည်။

အာဖဂန်နစ္စတန်နိုင်ငံအား   လက်ရှိထိန်းချုပ်ထားသည့်   တာလီဘန်ယာယီအစိုးရသည် နိုင်ငံအတွင်းရှိ အကြမ်းဖက် လက်နက်ကိုင် အဖွဲ့အစည်းများအား ချေမှုန်းရန်ဆုံးဖြတ်ထားကြောင်းသိရသည်။

Ref: IP