ဘရာဇီးအသင်းက အသင်းသမိုင်းတစ်လျှောက် ပထမအကြိမ်အဖြစ် အဝေးကွင်းဂျာစီအရောင်ကို အစိမ်းရောင် ဝတ်ဆင် အသုံးပြုရန်စီစဉ်

ဘရာဇီးအသင်းက အသင်းသမိုင်းတစ်လျှောက် ပထမအကြိမ်အဖြစ် အဝေးကွင်းဂျာစီအရောင်ကို အစိမ်းရောင် ဝတ်ဆင် အသုံးပြုရန်စီစဉ်

ရီယိုဒီဂျနေးရိုး၊ ဘောလုံး

ဘရာဇီးအသင်းက အသင်းသမိုင်းတစ်လျှောက် ပထမအကြိမ်အဖြစ် အဝေးကွင်းဂျာစီအရောင်ကို အစိမ်းရောင် ဝတ်ဆင်အသုံးပြုရန် စီစဉ်ထားကြောင်း သိရသည်။

ဘရာဇီးအသင်းသည် အသင်းသမိုင်းတစ်လျှောက်တွင် အိမ်ကွင်းဂျာစီအရောင်အဖြစ် အဝါရောင်ကို အသုံးပြုပြီး အဝေးကွင်း ဂျာစီအရောင်အဖြစ် အပြာရောင်ကိုသာ အသုံးပြုခဲ့သော်လည်း ယခုအခါ ပထမ အကြိမ်အဖြစ် အဝေးကွင်းဂျာစီကို အစိမ်းရောင် အဖြစ် ကွဲပြားခြားနားစွာ ဝတ်ဆင်အသုံးပြုမည်ဖြစ်သည်။

ဘရာဇီးအသင်းသည် အစိမ်းရောင်ဂျာစီကို အသင်းသမိုင်းတစ်လျှောက် မဝတ်ဆင်ဖူးသော်လည်း ၂၀၁၄ ခုနှစ်နှင့် ၂၀၁၇ ခုနှစ်တို့တွင်  အစိမ်းရောင် ဂျာစီကို ထုတ်လုပ်ရောင်းချခဲ့ဖူးပြီး အစိမ်းရောင်သည် ဘရာဇီးနိုင်ငံတော်အလံ၌  တစ်စိတ်တစ်ပိုင်း ပါဝင်သည့် အတွက် ယခုအခါ ဘရာဇီးနိုင်ငံဘောလုံး အဖွဲ့ချုပ်က အဝေးကွင်းဂျာစီကို  အစိမ်းရောင်အဖြစ် တရားဝင်အသုံးပြုမည်ဖြစ်သည်။

ထို့ပြင် ဘရာဇီးအသင်းသည် လေ့ကျင့်ရေးဝတ်စုံကို အစိမ်းရောင်အဖြစ်အသုံးပြုခဲ့ဖူးပြီး ယခုအခါ ၎င်းတို့နိုင်ငံ၏ အထင်ကရဖြစ်သည့် အမေဇုန်တောထိန်း သိမ်းရေးစီမံကိန်းတစ်ခုကို ဂုဏ်ပြုသည့်အနေဖြင့် အဝေးကွင်းဂျာစီကို အစိမ်းရောင်အဖြစ်ဖန်တီး၍ ပထမအကြိမ် အသုံးပြုမည်ဖြစ်ကာ  ဇူလိုင်လအတွင်းကစားမည့်  နိုင်ငံတကာပွဲစဉ်များတွင် စတင်အသုံးပြုဖွယ်ရှိကြောင်း သိရသည်။

Ref;90Min